Part_3

1.2K 150 36
                                    

နီးစပ်လာသော ကံကြမ္မာ.....

-----------------------------------------------------------

၂နှစ်ကြာမှ ပြန်လည်အခြေချမိသော ကျောင်းဝန်းသည် ပြောင်းလဲမှုတော့သိပ်မရှိခဲ့ပါ..
ကျောင်းတော်ဆိုသည့်အတိုင်း ကျောင်းသား ကျောင်းသူ ဆရာ,ဆရာမတွေအစဉ်မပြတ်ရှိနေသည်က သမရိုးကျအလုပ်တစ်ခုပင်ဖြစ်သည်မဟုတ်လား..
မပြောင်းလဲသွားသည်က ကျွန်တော်ဆိုတယ့် Kim Jongin ပဲ ဖြစ်မည်ထင်ပါတယ်

ကိုယ်နဲ့ ရွယ်တူတန်းတူတွေ အသီးသီး တက္ကသိုလ်တတ်နေခ်ျိန် ကိုယ်ဟာ ယူနီဖောင်းဝတ်ကာ အထက်တန်းကျောင်းတတ်နေရတုန်း..
ကံကြမ္မာဆိုတာ ကြိုမြင်လို့ရသည့် အရာမဟုတ်မှန်း ကျွန်တော် သေချာကို သဘောပေါက်ခဲ့ရပြီ
ကျောင်း၌အသင့်အတင့်သာ စာတော်သော ကျွန်တော်သည် ရည်မှန်းချက်တော့ကြီးစွာ ရှိခဲ့ပါသည်
ဝါသနာပါသော အားကစားမှာလည်း ကိုယ်ဟာထူးချွန်သင့်သလောက် ထူးချွန်ပါရဲ့..
သို့သော်လည်း ကံကြမ္မာအလှည့်အပြောင်းကြောင့် ကျွန်တော်ဟာ အရာအားလုံးနီးပါးကို စွန့်လွှတ်ခဲ့ရတော့...။...။

'သားငယ် ဖေဖေတို့ ကျောင်းအုပ်ကြီးနဲ့သွားတွေ့လိုက်အုန်းမယ်
သား ကျောင်းထဲ လျှောက်ကြည့်ချင်.. ကြည့်နေလေ'

ကျောင်းပြန်တတ်ရန် ဖေဖေနဲ့ မေမေတို့တူတူ အရင်အထက်တန်းကျောင်းကို လိုက်အပ်ပေးသည်...

'ဒါဆို သားဟိုဘက်နားက စောင့်နေမယ်..ဖေဖေ'

ဖေဖေတို့ကို သူသွားမယ့်နေရာကို ပြောပြရင်း အားကစားခန်းမရှိတယ့် နေရာသို့ ခြေလှမ်းတွေက အလိုလိုလှမ်းမိတာက အရင်ကအကျင့်တွေလို..

'Byun baekhyun ... Byun Baekhyun ..ဝင်မရှုပ်နဲ့ကွာ'

'ဟာ... ငါက ဘာရှုပ်နေလို့လည်း..  Senpai အယ့်နားကားကို ပြောပေးပါအုန်း ကျွန်တော်လည်း အတတ်နိုင်ဆုံး လေ့ကျင့်နေတာကို'

ဘတ်စကတ်ဘော ကစားရင်း chanyeol နဲ့ baekhyun ရန်ဖြစ်နေသည်..
အခုမှ ထရိန်နင် ဆင်းကာစဖြစ်သော baekhyun ကိုချန်ပီယံဖြစ်သော chanyeol က သင်ပေးခြင်း .ဒါမယ့်လည်း chanyeol ကိုဆို အနိုင်ကျင့်ချင်သော baekhyun က ဘယ်လိုသင်သင်မရပေ.. အမြဲတမ်းလိုလိုရန်ဖြစ်သည်..

' Destiny  'Where stories live. Discover now