Part_2

1.4K 173 35
                                    

ပထမအကြိမ် တွေ့ဆုံမှု..

-----------------------------------------------------------

'လူနာက ခုမှ နလန်ထူလာတာဆိုတော့ လမ်းလျှောက်ဖို့ ခက်ခဲအုန်းမယ်ဗျ
ပုံမှန် လေ့ကျင့်ခန်းတွေ လုပ်ပေးမယ်ဆိုရင်တော့ ခြေထောက်သွေးပြန်လျှောက်နိုင်တာ အမြန်ဆုံးဖြစ်နိုင်မှာပါ..'

သားငယ်လေး Jongin သတိရလာသည်မှာ တစ်လပင်ပြည့်ပြီ
ဆရာဝန်ကြီးများသာမက ဌာနရှိ သူနာပြုအကူများပါ မကျနမ Jongin လေးကို ဂုဏ်ပြုကြသည်
Jongin ကသာ မသိကောင်း မသိမယ် ဆေးရုံက လူတွေကတော့ သူမေ့မျောနေသော ၂နှစ်တာအတွင်း သူ့ကို ရင်းနှီးခဲ့ပြီးသာ ဖြစ်သည်
ယခုလည်း  ဆေးရုံအပြင်သို့ထွက်လျှင် တွန်းလှည်းအကူနဲ့ သွားနိုင်သေးသော Innလေး၏ ခြေထောက် အခြေအနေကို ဆရာဝန်ကြီးတွေနှင့် Inn၏ဖေဖေ တိုင်ပင်နေသည်

'ဆေးရုံကကော ဘယ်ချိန်လောက်ဆင်းရမလည်း ဆရာ'

သားငယ်ကို တတ်နိုင်ရင် ဆေးရုံမှာ မထားချင်တော့ မိဘနှစ်ပါးလုံး၏ ဆန္ဒတစ်ရပ်ဖြစ်သည်

'သားရဲ့ အခြေအနေကို တစ်ချက်စောင့်ကြည့်တာပေါ့...
အဆင်ပြေရင် နောက်အပတ်ဆင်းခွင့်ပြုပါ့မယ်'

'ကျေးဇူး အများကြီးတင်ပါတယ် ဆရာရယ်'

'မလိုပါဘူးဗျာ ကျွန်တော်တို့လည်း သားအပေါ် သံယောဇဉ်တွယ်မိပါတယ်'
.
.
.
.
.
.
 ဆေးရုံခန်းထဲဝင်လာသော ဖေကြီးကို မေကြီး သိချင်တာတွေကို စီးကာမေးလိုက်သည်

' ဆရာကြီးကဘာပြောလိုက်လည်း ဖေကြီး'

သားအတွက် ဆိုဖာပေါ်ကနေ အသီးတွေနွှာပေးရင်း မေကြီးကဆိုသည်..။

'သားငယ် Innလေးရဲ့ အခြေအနေကို ကြည့်ပြီး နောက်အပတ်ဆင်းပေးမယ်လို့ပြောတယ် မေ'

'ဟာ ဘယ်လောက်တောင်ကောင်းလိုက်တ့် သတင်းလည်း
သားငယ်ရော ပျော်တယ်မလား'

ကုတင်၏ခေါင်းရင်းကို ကျောမှီကာ ထိုင်နေသော Innလေးကို မေမေ မေးမိသည်

အကြောတွေ အကုန်ဆိုင်းနေသေး၍ စကားသိပ်မပြောနိုင်သေးပေ.

သူလည်း အင်မတန် ဝမ်းသာကြောင်း ပြုံးရယ်၍ခေါင်းငြိမ့်မိသည်

' Destiny  'Where stories live. Discover now