Part_11

791 90 12
                                    

သူရဲ့ ဖြစ်တည်မှုလေးကတောင်.ငါ့အတွက်ရူးသွပ်စေတယ်။

        *Destiny*

လူတွေစည်ကားလွန်းတဲ့ဆိုးလ်မြို့ထဲမှာ လွယ်အိတ်ကြိုးကို လှုပ်ရမ်းရင်း..လမ်းလျှောက်လို့လာသည်။ ဒီကနေ့ဟာ..ကျောင်းဖွင့်, ရုံးဖွင့်ရက်ဖြစ်တာကြောင့်..ယခုလို နေ့လည် ၃နာရီအချိန်ဆို လမ်းမတန်းပေါ်တွေမှာ..ကလေးတွေ ရုံးဝန်းထမ်းတွေနဲ့ ပြည့်နှက်နေတတ်၏။
ဂျုံအင်လည်း ဂိမ်းဆိုင်ကအပြန် ဆေးရုံကို သွားရမှာကြောင့်..လမ်းလျှောက်နေရခြင်းဖြစ်သည်။..ပါလာသမျှ  မုန့်ဖိုးတွေကို ရထားစီးဖို့တောင်..မကျန်အောင် ဂိမ်းဆော့လိုက်တာကြောင့်..ဆေးရုံအထိ လမ်းလျှောက်ရပြီလေ။

"အာရီဂူး...ညောင်းလိုက်တာကွာ .. ကိုယ့်အပြစ်နဲ့ကိုယ်ဆိုတော့လည်း လျှောက်ပေတော့ ဂျုံအင်ရေ "

အကိုဂျုံဒယ်ကို ဖုန်းဆက်ပြီး ဆေးရုံကို လိုက်ပို့ပေးဖို့လည်း မပြောရဲ။ တော်ကြာ ညနေပိုင်းအချိန်ပိုကို လစ်ထွက်လာတာ မိသွားမှာကြောင့်ဖြစ်သည်။

'ရောက်ပြီလား..ဂျုံအင်...လော့ခ်ကာအခန်းထဲဝင်ပြီး..အဝတ်သွားလဲချေတော့..'

ကာယကုသဆောင်မှ.ဒီနေ့ရဲ့တာဝန်ကျဆရာဝန်အကိုက..ဂျုံအင် ခုံတန်းမှာ နားနေတုန်း လာပြောလေသည်။

'ခဏလေးပါ အကိုရာ..ကျွန်တော် မောနေလို့ '

ဂိမ်းဆိုင်နဲ့ဆေးရုံက.အတန်ငယ်လှမ်းတာကြောင့် မနားတမ်းလျှောက်ခဲ့ရတဲ့ ဂျုံအင်လေးက ပင်ပန်းနေပြီလေ။

'အေးပါ...တအောင့်နေ လာခဲ့ကြားလား..'

'ဟုတ်ကဲ့အကို..အာ ဒါနဲ့ ဦးလေးဂင်မ်ရောဟင်.?'

'ဆရာကြီး အခု ညနေပိုင်း round လှည့်နေလောက်ပြီ..ခဏနေ မင်းကိုလာကြည့်လိမ့်မယ် စိတ်ချ '

'ဟုတ်ကဲ့ အကို..'

ဂျူံအင်လည်း အတော်အသင့် အနားယူပြီးတာကြောင့်..လေ့ကျင့်ခန်းလုပ်ဖို့ပြင်ရတော့သည်။
လေ့ကျင့်ခန်းကို လချီပြီး လုပ်နေတာကြောင့်..ခြေထောက်က တော်တော်လေးကို ကောင်းလာပြီလို့ ဆိုရမည်..။ အဓိက က ဂျုံအင်ရဲ့ ဇွဲရှိလွန်းတဲ့ အကျင့်လေးကြောင့်လို့ ဖြစ်၏။ အခုလိုသာ..ကျောင်းစာမှာ..ဇွဲရှိရင် ဘယ်လောက်များ ကောင်းလိမ့်မလဲ?

' Destiny  'Where stories live. Discover now