Part_7

876 132 12
                                    

*Destiny*

'ဘာတွေလုပ်လို့ ခြေထောက်က ဒီလောက်ထိ ဆိုးသွားရတာလဲ ဂျုံအင်'

ယောင်ကိုင်းနေသော ခြေထောင်နှစ်ဖက်လုံးကို အံဩလွန်းစွာကြည့်ရင်း.ဦးလေးဂင်မ်မေးသည်။

'မင်းကို ဦးလေး ဘာပြောထားလဲ.. လေ့ကျင့်ခန်းတွေအရမ်းမလုပ်ပါနဲ့လို့.
အချိန်နည်းနည်းဆီ ယူပြီး လေ့ကျင့်ရင် အကောင်းတိုင်းဖြစ်လာမှာကို..ဘာကိစ္စအလွန်အကျွံလုပ်ရတာလဲ?'

သူ့ကို ဦးလေးဂင်မ်က လေ့ကျင့်ခန်းကြောင့် ခြေထောက်ယောင်နေတယ် ထင်တာကိုး... စက်ဘီးတင်နင်းတာများ သိရင်..ဦးလေးဂင်မ် ထရိုက်မလားမသိဘူး..။

'ဟီး..ကျွန်တော် မှားပါတယ်ဗျာ..နောက်တစ်ခါမဖြစ်စေရပါဘူး'

ခြေထောက်တွေ ယောင်လာတာကို သိသိချင်း သူဆေးရုံကို တန်းလာခဲ့သည်။..အိမ်ကိုလည်း မဝင်ဖြစ်တော့...တော်ကြာ..သူ့ခြေထောက်ကို မြင်ပြီး.မေမေစိတ်ပူမှာကို မလိုလားပါ ။

'မျက်နှာချို လာမသွေးနဲ့ ဂျုံအင်...ဦးလေး တကယ်စိတ်ဆိုးတယ်.'

သူ့ကို ဦးလေးဂင်မ်က စိတ်ဆိုးနေတော့လည်း မနေတတ်ပြန်...

'ဒါ့ကြောင့်..မင်း ဒီတစ်ပတ်လုံး ကျောင်းမသွားပါနဲ့..ဆေးရုံမှာပဲ နေရမယ်'

'ကျောင်းမသွားပဲနဲ့တော့ မနေပါရစေနဲ့ဗျာ..'

'အော်ဟော်...ခုတော့ ဆရာဝန်စကားကိုတောင် နားမထောင်တော့ဘူးပေါ့လေ'

ဦးလေးဂင်မ်ကို ခွင့်တောင်းကြည့်တော့လည်း အကြောင်းက ထူးမလာခဲ့ပါ။

'ကဲ ဂျုံအင်...မင်းအကို ကို ဖုန်းဆက်ပြီး..ဒီမှာနေဖို့ တစ်ပတ်စာ အဝတ်တွေယူလာခိုင်းလိုက်..
မင်းအမေတို့ကို တော့ ငါကိုယ်တိုင် ဖုန်းဆက်လိုက်မယ်'

သွားပြီ...ဂင်မ်ဂျုံအင်တို့...ဆေးရုံမှာ တစ်ပတ်တောင် နေရတော့မည်။

  **Destiny**

'ဂင်မ်ဂျုံအင်.!'

' Destiny  'Where stories live. Discover now