ရင်းနှီးခြင်းရဲ့ အစ...
-----------------------------------------------------------
'ဟိုနေ့က မင်းနည်းနည်းလွန်တယ်လို့ ငါထင်တယ် Sehun'
လက်ထဲက ဂျယ်လီချောင်းကို အဆက်မပြတ်စားရင်း..Sehun ကို ဆရာလှမ်းလုပ်နေသော Baekhyun..
'ဘယ်နေ့..'
အဆုံးမရှိ ဟိုနေ့ကလွန်တယ် ထပြောသောကြောင့်
အကြောင်းအရာ တစ်ခုကို ခေါင်းထဲဆွဲမထားတတ်တဲ့ Sehunက မမှတ်မိပါ...'Jongin Hyung ကိုလေ'
လက်ထဲက တစ်ရှူးစလေးကို ဂျယ်လီစားရင်း ပေကျံနေသော Baekhyun ဆီသုပ်ပေးတဲ့ Chanyeol ပါဝင်ပြောလာသည်။
'အယ့်နေ့က ဘာဖြစ်လို့လည်း ငါ့ဘက်က ကြီးကြီးမားမားလုပ်မိတာရှိလို့လား'
လက်ထဲက ဘောပင်နဲ့စာအရေးမပျက်ပဲ အေးရာအေးကြောင်း ပြောနေသော sehun ကြောင့် Chanyeol နဲ့ Baekhyun မှာ ပိတ်ရိုက်ချင်စိတ်တွေက ထိန်းမရ..
'မဟုတ်ဘူး Sehunရဲ့ မင်းက hyungနဲ့တွေ့တိုင်း အဲ့လိုပုံစံဖြစ်နေတော့ Hyungက မင်း သူ့ကိုမခင်ဘူးဆိုပြီး စိတ်မကောင်းဖြစ်သွားတာ'
'Yeol ပြောတာ အမှန်ပဲ Sehun. မင်းထွက်သွားတော့ Hyung မျက်နှာတော်တော်မကောင်းဘူး..သူ့ကိုမင်းက မခင်ချင်ဘူးလို့လည်း ထင်သွားတယ်'
'ငါ့ဘာသာ အကြောင်းကိစ္စရှိလို့ထွက်သွားတာကို'
'အေးလေ မင်းအဲ့လို လုပ်တာမကောင်းဘူးလို့..Hyung က နဂိုထဲက အားငယ်တတ်တဲ့ လူမျိုးထင်တယ်..မင်းလည်းထွက်သွားရော ငိုတော့မယ့်မျက်နှာကြီးနဲ့ ကျန်ခဲ့တာ'
'မင်းတို့ ၂ယောက်က Kim Jongin ရဲ့ ရှေ့နေတွေလား.?အယ့်လောက်ထိ သူ့ဘက်က လိုက်ပေးစရာမလိုဘူးထင်တယ်'
'အေးပါ အေးပါ မလိုက်တော့ဘူး ဟုတ်ပြီလား....
မင်းသာ Hyung ကို ကောင်းကောင်းဆက်ဆံပေး''Jongin Hyung ရောက်ရင်လည်း ထိုင်လေ..အယ့်နားဘာရပ်လုပ်နေတာလဲ'
အခန်းဝမှာရပ်ပြီး...ခုံနားလာမထိုင်သေးတာကြောင့် Baekhyun လှမ်းခေါ်လိုက်သည်။
Sehun လည်း Baekhyun အသံကြောင့် မော့ကြည့်တော့ ကိုယ့်နေရာကိုယ်မထိုင်ပဲ ရပ်နေသော Jongin..
![](https://img.wattpad.com/cover/118766055-288-k323459.jpg)
YOU ARE READING
' Destiny '
Fanfictionကံကြမ္မာ ကို ကိုယ်မယုံရဲဘူး Hun... Maknae Line- 카이훈 Story By Aeri_Shixun *own creation*