ဗီလိန်​၏စတုတ္ထ​ခြေလှမ်း

7.5K 801 15
                                    

Coffee ဆိုင်​တစ်​ဆိုင်​ရဲ့
ချောင်​ကျကျတစ်​​ခုံမှာ.....

မျက်​နှာချင်းဆိုင်​ထိုင်​လျက်​......

အကြည့်​ချင်းစစ်​ခင်း​နေသူနှစ်​​ယောက်​.....

လူကျဲ​နေ​သော coffee ဆိုင်က
သူတို့အတွက်​ အဆင်​​ပြေဆုံး...
စစ်​​မြေပြင်​.....

"အဲ့ဒီ​တော့.....မင်းဘာသိချင်​တာလဲ....."

Coffee ခွက်​ထဲက ဇွန်းကို ​မွှေလျက်
သူမဆီ မကြည့်​ဘဲ......
Coffee ခွက်​ဆီသာ
အာရုံစိုက်​ထားလိုက်​သည်​.......

"အဟက်​....."

ရုတ်​တရက်​ရယ်​သံ​ကြောင့်​....
Coffee ခွက်​ကို ​မွှေ​နေ​သော လက်​များ
ရပ်​တန့်​သွား၍ သူမအား
မျက်​လုံးပင့်​ကာကြည့်​မိသည်​......

ဒီမိန်းမ ရယ်​သံကိုက....ရွံစရာ.....

"ဘာမှ မသိချင်​ပါဘူး...
ကျွန်​မ ​ပြောချင်​တာက
ရှင်​....ကျွန်​မ ခင်​ပွန်းကို
ကပ်​တွယ်​​နေတာ​တွေ ရပ်​တန့်​ဖို့......"

"ခင်​ပွန်း....."
Sehun ကသူ့အပိုင်​ဆိုတာကို...
လာ​​ကြေ​ညာ​နေတာ.....
ဒီမိန်းမ စကားလုံး​ရွေးတတ်​သားပဲ.....

"ဟားဟားဟား
မင်းကိုယ်​မင်းသိပ်​အထင်​ကြီးတာပဲ.......
ခင်​ပွန်း တဲ့......
မကြာခင်
အဲ့စကားလုံးသုံးခွင့်​ရှိ​တော့မှာမဟုတ်​ဘူး....
ခုတည်းက အ၀သုံးထား....."

ကျ​နော်​ ​ပြောလိုက်​​တော့....
သူမပြုံးသွားပြန်​ပါပြီ.....

မင်းအပြုံး​တွေက
ငါ​သောက်​​နေတဲ့ Coffee ထက် ​​ခါးတယ်​...

"ရှင်​က ​ယောက်ျားတန်​မယ့်​.....
သူများခင်​ပွန်းကို လုယူချင်​​နေတာပဲ ...."

ဒီတစ်​ခါ ပြုံးလိုက်​သည်​က ကျ​နော်​.....

"အိုး...မင်းဒီလိုမသုံးသင့်​ဘူး...
လုယူတာမဟုတ်​ဘူး....
ပိုင်​ရှင်​မို့လို့ သူပိုင်​တာပြန်​ယူတဲ့သ​ဘောပါ"

သူမမျက်​နှာ တစ်​ချက်​ပျက်​သွား​သော်​လည်း
ချက်​ချင်းပြန်​ထိန်းသည်​....
မင်းဘယ်​ဆိုးလို့လဲ....
ငါ့ပြိုင်​ဘက်​ပီသတယ်​.......

သို့.....ချစ်​​သောဗီလိန်​...[ Completed ]Where stories live. Discover now