ဗီလိန်​(သို့)Hun အ​ခေါ် Xiao Lu..

6.8K 780 162
                                    

နာရီကိုကြည့်​လိုက်​​တော့.....1:00 AM
ကျော်​​နေပြီ......

အပြင်​မှာ.....မိုး​တွေကလည်း....
သည်း​ထန်​စွာရွာလို့.....

Hun က အခုချိန်​ထိ.....ပြန်​မလာ​သေး......

အလုပ်​​တွေများ​နေတာသိ​ပေမယ့်​.......
ဒီ​လောက်​ညနက်​သည်​အထိ....
ပြန်​မလာ​သေး​တော့....စိတ်​ပူလှပြီ.......

အိမ်​မှာကလည်း......
ကိုယ့်​တစ်​​ယောက်​တည်းမို့......
ကြောက်​​နေတာ....တစ်​​ကြောင်း​ပေမယ့်​...
သူ့ကို....စိတ်​ပူ​နေရတာကပိုသည်​.......

ဖုန်းဆက်​ပြန်​​တော့လည်း.....မကိုင်​.......

တစ်​ခုခုများ....ဖြစ်​​နေမလားဆိုတဲ့အ​တွေးက
သေ​လောက်​​အောင်​နှိပ်​စက်​​နေတာမို့.....
ဘုရားသခင်​ကိုသာ....အာရုံပြုထားရသည်​...

အိမ်​၀မှာ.....တ​မျှော်​​မျှော်​လုပ်​​နေ​ပေမယ့်​....
ကားသံလည်းမကြား.....
ကားမီး​ရောင်​လည်းမမြင်​ရ.....

သဲသဲမဲမဲရွာသွန်း​နေတဲ့...မိုး​ရေစက်​များနှင့်​..
တစ်​ခါခါ..လင်းလက်​လာသည့်​....
လျှပ်​စီး​ကြောင်းများသာမြင်​ရသည်​......

မဖြစ်​​သေးပါဘူး.....
လမ်းမှာ....တစ်​ခုခုများ....ဖြစ်​​နေရင်​.....

အ​တွေးတို့က.....နှိပ်​စက်​တာမို့.....
မိုး​ရေများကိုမမှုအား.....
အချိန်​​တွေဘာ​တွေလည်း......မသိ​တော့.....

ထီးတစ်​​ချောင်းကို.....အမြန်​ယူလို့........
ခြံဝကို....ထွက်​ကြည့်​ဖို့....ပြင်​ရသည်​......

ကြောက်​​ကြောက်​နဲ့ပင်​.......
ခြံတံခါးကို....တွန်းဖွင့်​လိုက်​၍.....
ဟိုဟို....ဒီဒီရှာကြည့်​ရ​သေးသည်​.....

ဖျက်​ကနဲ.....လက်​သွား​သော.....
လျှပ်​စီး​ကြောင်းများရယ်​......
လမ်းမီးတိုင်​များရဲ့...အကူအညီ​ကြောင့်​......
ကျွန်မဆီ​လှမ်းလာ​သော........
လူရိပ်​တစ်​ခုကိုမြင်​ရသည်​......

နည်းနည်းလန့်​သွား​ပေမယ့်​....
သေချာကြည့်​မိ​တော့မှ......Hun.....

ကားလည်းမပါ.....ထီးလည်းမပါ.......
ဘယ်​လို​တွေဖြစ်​လာတာလဲ.......

သို့.....ချစ်​​သောဗီလိန်​...[ Completed ]Where stories live. Discover now