ဗီလိန်​၏ ဒသမ​ခြေလှမ်း နှင့်​......

6K 672 111
                                    

"​သြော်​......မင်း​ရောက်​လာပြီလား...."

သူမက ကျ​နော်နဲ့မျက်နှာချင်းဆိုင်​ခုံမှာ...
ဝင်​ထိုင်​​လိုက်​သည်​......

ခုနကတင်​ ​ဖျော်​ခဲ့​သော ​ကော်​ဖီပူပူကို....
မော့​သောက်​ရင်း.....
သူမကို ကြည့်​​နေလိုက်​သည်​.....

"ဧည့်​ခံစရာ​တော့....ဘာမှမရှိဘူး...
ဒီအတိုင်း အဆင်​​ပြေတယ်​မလား...."

ကျ​နော်​ကိုယ်​တိုင်​ ​ဖျော်​သည့်​ ​ကော်​ဖီကို...
သူမကို....​ပေးမ​သောက်​ချင်​ပါ....

ညက Accident ဖြစ်​ထားလို့ထင်​ပါ့....
ခြေ​ထောက်​မှာ...ပတ်​တီးနဲ့.....

"Hun.....ဘယ်​မှာလဲ....."

သူမက အပူတပြင်း​မေးသည်​.....

"က​လေး...အိပ်​​နေတယ်​....မနိုး​သေးဘူး...
ညက ပင်​ပန်းထားလို့....ထင်​တယ်​...."

နှုတ်​ခမ်း ကို တင်းတင်းကိုက်​ထားတဲ့သူမက
မျက်​လုံး...အ​ရောင်​​ပါ​ပြောင်​သွားတယ်​...
လက်​​တွေပါ...
တဆတ်​ဆတ်​တုန်​​နေသလားလို့....

"​သြော်​.....ပင်​ပန်းတယ်​ဆိုတာ....
သောက်​တာများသွားတာကို​ပြောတာ....
အင်း....မင်းသိမလား​တော့မသိဘူး...
က​လေးက သိပ်​မ​သောက်​နိုင်​ဘူး....
၎ခွက်​​လောက်​နဲ့တင်​ 
မှောက်​တတ်​တယ်​...."

သူမ ဘာမှဆက်​မ​ပြော......
သူမနှလုံးသားကို အများဆုံးထိခိုက်​​စေမည့်
စကားလုံးတို့ကို...ကျ​နော်​ရှာ​ဖွေ​နေမိသည်​..

"ဒါနဲ့....ညက.....
က​လေးဖုန်း​ပြောသံကြားတယ်​....
မင်း...Accident ဖြစ်​လို့ဆို....
သက်​သာရဲ့လား......."

"............."

သူမ မသက်​သာမှန်းကျ​နော်​သိပြီးသား....
ဆေးရုံမှာနာရီပိုင်း​လောက်
သတိ​မေ့ခဲ့တဲ့သူက....
Hun အ​ကြောင်းအစချီလိုက်​တာနဲ့....
ချက်​ချင်း...​ဆေးရုံကဆင်းပြီး....​..
ချက်​ချင်းရောက်​လာ​တာ.....

"ကိုယ်​လည်း....ညက
က​လေးကိုမင်းဆီသွားခိုင်းပါတယ်​....
ဒါ​ပေမယ့်​.....
အဲ့ဒီ အ​ကောင်​​ပေါက်​​လေးက...
မူးလာရင်​....စကားနားမ​ထောင်​ဘူး...
သိပ်​ဆိုးတယ်​.....
ဘယ်​လိုမှ သွားခိုင်းလို့မရဘူး.....
အဲ့ဒါနဲ့.....ကိုယ်​​လည်း...သူ့သ​ဘောအတိုင်း
ဒီမှာ...အိပ်​ခိုင်းလိုက်​တယ်​....."

သို့.....ချစ်​​သောဗီလိန်​...[ Completed ]Where stories live. Discover now