ဗီလိန်​၏ ဒဿမ​ခြေလှမ်း​နောက်​ကွယ်​နှင့်​..

6.5K 675 156
                                    

Shin ကိုသာ....ပါပါးဆီ သွား​နေကြဖို့...
သ​ဘောတူထား​ပေမယ့်​....
တကယ်​​တော့.....အဆင်​မ​ပြေလှ......

စိတ်​ထဲမှာ....တစ်​ခုခုကိုနောက်​ဆံတင်း​နေသည်​......

အလုပ်​​တွေဆိုတာလည်း....အခြားတစ်​​ယောက်​ကိုလွှဲ​ပြောင်း​ပေးဖို့က...
ရုတ်​တရက်​အဆင်​မ​ပြေ......

ကျောင်းပြီးတည်းက.....
အ​ရေး​ပေါ်ဦးစီးလိုက်​ရတာမို့........
အခုချိန်​ကျမှ အခြားတစ်​​ယောက်​ကို
လွှဲအပ်​ဖို့ဆိုတာ...အဆင်​မ​ပြေလှပါ....

ချက်​ချင်း...​ပြောင်းဖို့...ဆိုတာ.
မဖြစ်​နိုင်​တာမို့.....
ဖြည်းဖြည်းချင်း.....
ရာထူးလွှဲ​ပြောင်း​ပေးဖို့စီစဉ်​ရ​တော့မည်​.....

ပါပါးက​တော့.....
သူယုံကြည်​ရတဲ့ မန်​​နေဂျာ Song ကို...
လွှတ်​​ပေးမည်​ဟု ​ပြောထားသည်​....

မန်​​နေဂျာ Song ဆိုတာ....
အခြား​သူ​တော့မဟုတ်​ပါ....
ငယ်​ငယ်က​တည်းက......
ကျ​နော်​တို့အိမ်​မှာ​နေသည့်​...
ပါပါးရဲ့...လက်​ရုံး​တော်​ပင်​ဖြစ်​ပါသည်​....

ကျ​နော်​ အထက်​တန်း​လောက်​တည်းက...
ကုမ္ပဏီ စီမံခန့်​ခွဲ​ရေးနဲ့..ပက်​သက်​လို့....
မန်​​နေဂျာ Song ကပင်
အရာရာသင်​​ပေးခဲ့သည်​.......

စီးပွား​ရေးသိတတ်​​၍.....
အရာရာကို...​စေ့စပ်​​သေချာ​သော...
မားနဲ့ ပါပါးတို့​ကြောင့်​....
ကျ​နော်​ဟာ...အထက်​တန်းတည်းက...
ကုမ္ပဏီ စီမံခန့်​ခွဲ​ရေးနဲ့
ရင်းနှီးခဲ့တာဖြစ်​သည်​......

တကယ်​​တော့......
ပါပါးဆီသွား​နေကြမယ်​သာ....
Shin က​ပြောတာ...

U.S မှာက.....ကျ​နော့်​မိသားစုအပြင်​...
သူမ မိသားစု ပါ​နေထိုင်​​နေတာပင်​.....

ကျ​နော်​တို့နှစ်​​ယောက်​သာ....
ဒီမှာ...ကျန်​ရစ်​တာဖြစ်​သည်​.....

မွေးရပ်​​မြေကို...
မစွန့်​လွှတ်​နိုင်​တာကတစ်​​ကြောင်း.....
အင်း.....
စိတ်​က ဒီ​မြေကို လုံးဝမပြတ်​​သေးတာက တစ်​​ကြောင်းမို့.....
မစွန့်​ခွာပစ်​​ပေ......

ခုချိန်​မှာ​တော့.....​ပြောင်းရမယ့်​.....
အ​ခြေအ​နေ​တွေက...ဖန်​လာ​လေပြီ......

သို့.....ချစ်​​သောဗီလိန်​...[ Completed ]Where stories live. Discover now