ဗီလိန်​၏ အဌမ​ခြေလှမ်း

6.6K 696 77
                                    

"က​လေး....​ခေါင်းမိုးထပ်​ကိုလာခဲ့ပါ...."

ဖုန်းထဲ ၀င်​လာ​သော message....က
အမည်​မမှတ်​ထား​သော်​လည်း.....
သူမှန်းသိသာ​စေသည်​......

သူ ကုမ္ပဏီ ထိ ​ရောက်​လာပြန်​တယ်​​ပေါ့....
သွား​တွေ့ရန်​ မလိုအပ်​ဟု
သတ်​မှတ်​ထားတာမို့.....
ကြည့်​လက်​စဖိုင်​တွဲကိုသာ.....
အာရုံစိုက်​လိုက်​သည်​.....

"Ring.....Ring......"

ဝင်​လာပြန်​​သော ဖုန်း.....
မကိုင်​ဘဲထားဖို့ကြိုးစား​သော်​လည်း....
ခဏခဏ မြည်​လာတာမို့.....မ​နေသာ.....

"​ပြော....."

"က​လေး...ကိုယ်​​ပြောစရာရှိလို့....
ခဏလာခဲ့​ပေး...."

ထူးထူးခြားခြား....
အမိန့်​မဆန်​​သော သူ့​တောင်းဆိုမှု......

"မအားဘူး....."

ခပ်​​ဝေး​ဝေး​နေဖို့ ဆုံးဖြတ်​ခဲ့ပြီး​နောက်​....
သူ့အား မ​တွေ့လို.....

"မအားလည်း ခဏ​လေးလာခဲ့​ပေးပါ...
ခဏ​လေး....."

"ခင်​ဗျား....ဘာ​တွေဇယားလာရှုပ်​ဦးမှာလဲ.."

"မရှုပ်​ပါဘူး....
က​လေးရယ်​....ခဏ​လေးပါပဲ.."

ဖျော့​တော့​နေ​သော သူ့အသံ​ကြောင့်​....
ကျ​နော်​ မှင်​သက်​သွားသည်​ကအမှန်​ဖြစ်​သည်​......

"ခဏ​လေးပါ.....တကယ်​....
ခဏ​လေးပါ..."

ကဲ....ကျ​နော်​....ငြင်းဆန်​သင့်​ပါ​သေးရဲ့လား
.
.
.
.
.
.
.
.
.
.
.​ခေါင်​မိုးထပ်​​ရောက်​​တော့......
အ​ဝေးကို 
ငေး​တွေကြည့်​​နေတဲ့...သူ့ကိုမြင်​ရတယ်​....

အမြင့်​​ကြောက်​တတ်​သူမို့.....
အစွန်းမှာ​တော့...ရပ်​မ​နေ.....

"ခင်​ဗျား....ဘာလာလုပ်​တာလဲ.....
ဘာ​တွေ ဒုက္ခလာ​ပေးတာလဲ....."

ကျ​နော်​.....မာမာထန်​ထန်
ပြောလိုက်​တာ​တောင်​....
သူက မျက်​နှာငယ်​နဲ့ လှည့်​ကြည့်​လာသည်​...

"က​လေး...
ကိုယ့်​ကို အမြဲ ဒီလိုမြင်​​နေတာလားဟင်​...."

သို့.....ချစ်​​သောဗီလိန်​...[ Completed ]Where stories live. Discover now