ဗီလိန်ကို တွန်းလှန်​ရန်​.......

7.6K 773 37
                                    


"Luhan မင်း​နေ​ကောင်းလား....
ဖုန်းကို ဘာလို့ မကိုင်​တာလဲ...
ဆေး​ရောမှန်​မှန်​​သောက်​ရဲ့လား...."

Chanyeol ရဲ့ အသံသြရှရှက
ဖုန်းထဲက ကျယ်​​လောင်​စွာ
လွင့်​ပျံလာတာမို့......
ဖုန်းကို နားမှခဏခွာလိုက်​ရ​သေးသည်​....

"ဖြည်းဖြည်း​ပြော...ငါနားမ​လေးဘူး
ဟေ့​ကောင်​......"

"Luhan အဲ့ဒါအ​ရေးမကြီးဘူး
မင်း​နေ​ကောင်းရဲ့လား
ဆေးမှန်​မှန်​​သောက်​ရဲ့လား....."

Chanyeol ​အသံက တကယ့်​စိတ်​ပူ​နေပုံ

အဲ့ဒါ​တွေစိတ်​ပျက်​တာ.....
ဘာမဟုတ်​တာ​လေးကို.....

"​ဟေ့​ကောင်​...
ငါ့ကို ​ရောဂါသည်​လိုမဆက်​ဆံနဲ့.....
ဘာမဟုတ်​တာ​လေးနဲ့......"

"ဘာမဟုတ်​တာ​လေး....ဟုတ်​လား...
မင်းကွာ......
မင်း အဲ့ဒီမှာ .....
မဟုတ်​တာ​တွေ​လျှောက်​မလုပ်​နဲ့​နော်​....
ပေကျင်းကို.ပြန်​လာခဲ့​တော့.....
ဒီမှာ..မင်းလုပ်​ငန်း​တွေ
မင်းပြန်​လာကြည့်​.."

သူ အလုပ်​နဲ့ ကျ​နော့်​ကို
ကိုင်​​ပေါက်​​နေတာ...
ဒီမှာ အလုပ်​ထက်​အ​ရေးကြီးတာ​တွေ
လုပ်​​နေတာသူမှမသိတာ.......
ထားပါ​လေ...​လော​လောဆယ်
ကျ​နော့်​​ကြောင့်​....သူပင်​ပန်း​နေတာ......

"မင်းပဲကြည့်​လုပ်​ထားပါကွာ....
ငါ...က​လေးကို..​ခေါ်ပြီး....ပြန်​လာမယ်​..."

"​ဟေ့​ကောင်​.....
မင်းမဟုတ်​တာ​တွေ မကြံပါနဲ့​တော့ကွာ...
သူလည်းသူ့ဘ၀နဲ့ သူရှိပါ​စေကွာ......
သူနဲ့ မင်းနဲ့မှမဆိုင်​​တော့တာ...."

လာပြန်​ပြီ.......
လူ​တွေအကုန်​လုံးက ဘာလို့...ကျ​နော့်​ကို
အထင်​​သေးကြတာလဲ.....

ကျ​နော်​ဆိုတဲ့​ကောင်​က
လူတစ်​ယောက်​​လောက်​ကို
ရ​အောင်​ မယူနိုင်​ဘူး ထင်​​နေတာလား

လူတစ်​​ယောက်​ ကျ​နော့်​ကို
အချိန်​​တွေအများကြီးအထိ
ချစ်​​နေ​အောင်​....
မစွမ်း​ဆောင်​နိုင်​ဘူးထင်​​နေလား......

သို့.....ချစ်​​သောဗီလိန်​...[ Completed ]Where stories live. Discover now