ဗီလိန်​၏၀ဋ်​လည်​ခြင်း

6.8K 687 114
                                    

Party ပွဲ တစ်​ခုတွင်​ဖြစ်​သည်​.....
ကျ​နော့်​ရဲ့မိတ်​ဆွေ ​လည်းဖြစ်​ပြီး....
လုပ်​ငန်းရှင်​တစ်​ဦးလည်းဖြစ်​သည့်
ဥက္ကဌ Lee ၏ ​မွေး​နေ့ပွဲမို့...
ကျ​နော်​တို့ ဇနီး​မောင်​နှံနှစ်​​ယောက်​လုံး
တက်ေ​​ရာက်လာ​ခြင်းပင်​.....

"လာ​ပေးတာ ​ကျေးဇူးတင်​ပါတယ်
Shinmi ​ရောပဲ......"

"ရပါတယ်​ ဥက္ကဌ နဲ့ ကျ​နော်​က...
ပြောရမယ့်​လူ​တွေလား...."

"ဟုတ်​ပါပြီ.....
ဒါနဲ့.....ဘယ်​​တော့....
သတင်း​ကောင်းကြားရမှာလဲ....."

ရုတ်​တရက်​​ကြောင်​သွား​သော...ကျ​နော်​....
Shin ကိုကြည့်​လိုက်​​တော့လည်း...
အိုးတိုးအမ်းတမ်း....

ကိုယ့်​အ​ကြောင်းနဲ့....ကိုယ်​မို့....
ကျ​နော်​ကပဲ....
စကားလမ်း​ကြောင်း လွှဲမိသည်​.....

"အင်း......
ဒါနဲ့.....လူ​တွေလာတာများသားပဲ......
ဘာလို့ အိမ်​မှာ မလုပ်​ဘဲ
ဟိုတယ်​မှာ လုပ်​တာလဲ....."

ဥက္ကဌ က ပြုံးသည်​.....

"အိမ်​မှာက....အဘွားကြီးရှိတယ်​​လေ....
ဒီမှာက စကီ​လေး​တွေနဲ့....."

ကျ​နော်​က​တော့...
သူ့အ​ကြောင်းသိပြီးသားမို့
မထူးဆန်း​နေ​တော့ပါ.....

Shinက​တော့....ခုမှသိသူမို့....
မျက်​နှာပျက်​​နေသည်​.....

"ဒါနဲ့ ဥက္ကဌ ဒီပွဲကျင်းပတာ
သူ​ဌေးက​တော်​သိသွားရင်​​ရော...."

ရုတ်​တရက်​ထ​မေးလာ​သော Shin.....

"​သြော်​....ဒါများကွာ...
မိန်းမ​တွေက ​ယောက်ျား​တွေလှိမ့်​သမျှ
ခံရရှာတာပါ....
ယုံ​အောင်​​ပြောလိုက်ရင်​​​...ပြီးတာပဲ....."

ကျ​နော့်​မှာ​...ကြားထဲက
အားနာလာသည်​.....

Shin က​တော့ မျက်​နှာပျက်​၍...
အံသြ​နေသလို.....

"ဒါနဲ့....မင်းခင်​ပွန်းကိုလည်း...မယုံ​နေနဲ့ဦး
သေချာ​စောင့်​ကြည့်​ထား....
ယောက်ျားဆိုတာယုံရတာမဟုတ်​ဘူး..."

သို့.....ချစ်​​သောဗီလိန်​...[ Completed ]Where stories live. Discover now