ဗီလိန်​၏ ​နောက်​ဆုံး​ခြေလှမ်း

8.1K 802 172
                                    

နှလုံးသားတစ်​ခုလုံးကို
ခြွင်းချက်​​နေရာမရှိ.....ပုံ​အောချစ်​ပြခဲ့ပါလျက်

ခဏခဏ အလိမ်​ခံရသည်​ကိုပင်​မမှု....
အကြိမ်​ကြိမ်​ လှည့်​စားခံရသည်​ကိုလည်း...
မ​ထောက်​ရှုဘဲ.....

ဘ၀တစ်​ခုလုံးကို
ပုံအပ်​ဖို့....အားယူခဲ့ပါလျက်​......

စိတ်​ရင်းမှန်​....တစ်​ခု​လေးကို....
ကိုယ့်​ဘ၀ တစ်​ခုလုံးနဲ့....အလဲလှယ်​ပြု...
ပုံ​အော....ချစ်​ပြချင်​ခဲ့ပါလျက်​.....

သူ့ဆီက.....အချစ်​တစ်​စွန်းတစ်​စကိုမရ....
နှလုံးသားတစ်​​စိတ်​....တစ်​​ဒေသ​ကိုပင်​....
ပိုင်​ဆိုင်​ခွင့်​မရခဲ့​လေ​သော....ဘ၀....

သွားပြီ......အရာရာ....သွားခဲ့ပြီ......

ကျ​နော်​​တောင့်​တ...
နှ​မြောတသဖြစ်​​နေတာဟာ....
ဖြိုခွဲမိလိုက်​တဲ့....အိမ်​​ထောင်​​ရေးကိုမဟုတ်​..
သွေးသားဆိုတာကို.....
ပုံ​သေနည်းနဲ့တွက်​ချက်​ မှတ်​ယူတတ်​တဲ့
့ဖခင်​ရဲ့မေတ္တာကိုလည်းမဟုတ်​ပါ.....

ကျ​နော်​ လိုချင်​မိတာ...
သူ့ဆီက....အစစ်​အမှန်​ ​မေတ္တာ ​လေးတစ်​ခု
သူ့နှလုံးသားမှာရှိ​နေမယ့်​....
ကိုယ့်​အတွက်​နေရာ​သေး​သေး​လေးတစ်​ခု...

ကျ​နော်​....သိက္ခာလည်း....မထားခဲ့ဘူးပါ
အတိတ်​ကိုလည်း....မတွယ်​ညိဘူးပါ....
လှည့်​စားခံခဲ့ရဖူးတာကိုလည်း....
အမှတ်​မရလိုပါ....

ကျ​နော်​လိုချင်​တာပစ္စုန်​ပ္ပန်​ နဲ့ အနာဂတ်​မှာ...
သူ့ဆီက​မေတ္တာစစ်​မှန်​မှု​လေးကိုပဲ...
လိုချင်​မိခဲ့တာ....

ဒါကို​တောင်​.....သူက....အဆုံးထိ....
နောက်​ဆုံးထိ.....ရက်​စက်​သွားသည်​....

ကြာ​တော့.....နာလာတယ်​.....
နှလုံးသားကထိခိုက်​ခံရပါများ​တော့နာတယ်

တစ်​​နေရာတည်းကို...အကြိမ်​ကြိမ်​.....
ပစ်​မှတ်​ထား ထိုးကြိတ်​ခံရတဲ့..
လက်​​ဝှေ့သမားတစ်​​ယောက်​လို.....
ပြန်​မထနိုင်​​တော့တဲ့အထိ......
နေရာတင်​ ​ဗုန်းဗုန်းလဲတဲ့အထိ.....
နာကျင်​လှတယ်​......

သူ့ကို....မုန်းလားဆိုရင်​​တော့....
မမုန်းပါ....ဟင့်​အင်း...မုန်းမရတာ....

သို့.....ချစ်​​သောဗီလိန်​...[ Completed ]Where stories live. Discover now