ဗီလိန်ကို....​မေ့ပစ်​​ရန်​...

6.6K 698 30
                                    

"Hun....."

အိပ်​ရာ​ပေါ်မှာ​​မေ့နေတဲ့သူမက....
ကျ​နော့်​အမည်​ကို တ,လို့ သတိရလာတယ်​..

"အင်း....ကိုယ်​ရှိတယ်​...Shin....
ဘာလိုချင်​လို့လဲဟင်​...."

"​ရေ....​သောက်​ချင်​တယ်​..."

သူမက ထထိုင်​ရင်း​တောင်းဆိုတယ်​....

ကျ​နော်​ ​ရေခွက်​ကို လှမ်းယူကာ
ပေးလိုက်​​တော့.....
သူမက အ​မောတ​ကောနဲ့....
ရေခွက်ကိုင်ထားတဲ့​​ကျ​နော့်​လက်​​ပေါ်
အုပ်​ကိုင်​လို့ ယူ​သောက်​တယ်​.....

"Shin ​အိပ်​မက်​မက်​​နေတာ....
အိပ်​မက်​ထဲမှာ​လေ....Hun က
Shin ကို ပစ်​ထား.....ခဲ့.....တယ်​...."

ပြောရင်းပင်​ ငိုရှိုက်​လာ​သောသူမ....

သူမမျက်​ရည်​တို့၏....တရားခံက....
ကျ​နော်​ကိုယ်​တိုင်​ပင်​ဖြစ်​သည်​မို့.....

"​တောင်းပန်​ပါတယ်​....
.ကိုယ်​...အရင်​က.."

သူမက အလန့်​တကြား...
ကျ​နော့်​ရင်​ဘတ်​က
အင်္ကျီကိုလှမ်းဆုပ်​ကိုင်​တယ်​.....

"ဟင့်​အင်း.....မ​ပြောနဲ့....Hun....
မ​ပြောနဲ့.... Shin မသိချင်​ဘူး...."

"ဒါ​ပေမယ့်​....Shin ရယ်​...အတိတ်​မှာ..
ကိုယ်​..က ​ယောက်ျား...တစ်​​ယောက်​နဲ့..."

သူမကို မသိ​စေချင်​ခဲ့​သော...
အတိတ်​ကို...ကျ​နော်​ကိုယ်​တိုင်
ရှက်​ရွံ့သိမ်​ငယ်​စွာ.....
ဖွင့်​ဟ ပစ်​ဖို့ကြိုးစား​သော်​လည်း...........
မ​အောင်​မြင်​ပါ.....

ကျ​နော့်​ အင်္ကျီမှ သူမလက်​များက ....
ပိုလို့ တင်းကျပ်​လာသည်​..

"အတိတ်​....အတိ​တ်​...အတိတ်​...
အဲ့ဒီ...အတိတ်​ထဲက ရုန်းထွက်​ပါတော့..
Hun အတိတ်​မှာ ဘာဖြစ်​ခဲ့ဖြစ်​ခဲ့
Shin ဂရုမစိုက်​ဘူး....
Hun က Hunပဲ....
Shin ချစ်​တဲ့ Hunပဲ....
လက်​ရှိ ကျွန်​မပိုင်​တဲ့ ကျွန်​မခင်​ပွန်းပဲ..."

သူမက ​အော်​ငိုရှိုက်​လို့ ​ပြော​နေသည်​...
သူမရဲ့ ဒီလိုပုံစံကို ...မမြင်​ဖူးသည်​မို့....
ငေးကြည့်​မိပါ​သေးသည်​........

သို့.....ချစ်​​သောဗီလိန်​...[ Completed ]Where stories live. Discover now