ဗီလိန်​၏ သက်​​သေပြချက်

6.3K 645 63
                                    

"မလာနဲ့.....သွားဆို..မလာပါနဲ့....
ထွက်​သွား..."

ကျ​နော်​​ကြောက်​တယ်​....
ခင်​ဗျားကို....ကျ​နော်​​ကြောက်​တယ်​.....

"Lu....han.....ခင်​ဗျား...မလာနဲ့...."

ကျ​နော်​ရုန်းရင်းကန်​ရင်း.......
အော်​ရင်း....ဟစ်​ရင်း....အားသုံး​​​ကာ
ကျ​နော့်​ခန္ဓာကိုယ်​ကို လှုပ်​ရှားမိ​တော့...
အသိစိတ်​ ရှိသွားတယ်​ခဏ.....

ကျ​နော့်​မျက်​လုံး​တွေကို...
ဖွင့်​ပစ်​လိုက်​တဲ့ခဏ.....
ကျ​နော်ကြုံ​တွေ့​နေရတဲ့...အဖြစ်​အပျက်​များမှ
ကင်းလွတ်​သွားတဲ့ တဒင်္ဂမှာ....

ကျ​နော်​ဟာ....အိပ်​ယာထက်​မှာ.....
ကျ​နော့်​မြင်​လိုက်​ရတာက......
မျက်​နှာကျက်​ဖြူ ဖြူ .......

ကျ​နော်​အိပ်​မက်​မက်​​နေတာပဲ....
ဘုရား...ဘုရား....ဒီလိုအိပ်​မက်​ဆိုးမျိုးကို...

"က​လေးက....အိပ်​မက်​ထဲထိ....ကိုယ့်​ကို
ထည့်​မက်​​နေတာလား....."

စိတ်​ကိုတည်​ငြိမ်​​အောင်​ထားရင်း.....
အသက်​၀၀ရှူ ​နေစဉ်
ရုတ်​တရက်​ကြားလိုက်​​သော....အသံ....
ကျ​နော်​ ဆတ်​ကနဲထထိုင်​မိလိုက်​တယ်​...

ဒါ......ဒါ.....
အသံကြားရာ...လှည့်​ကြည့်​လိုက်​​တော့....
ကုတင်​နဲ့ မလှမ်းမကမ်းခုံမှာ.......
ဝိုင်​​​ခွက်​ကိုကိုင်​ရင်း...​..
ခြေချိတ်​လို့ထိုင်​​နေတဲ့သူ......

"ခင်​...ခင်​ဗျား.....ဘယ်​လိုလုပ်​......"

အိပ်​မက်​ဆိုးကနိုးလာလို့ထင်​ပါရဲ့....
ကျ​နော့်​အသံ​တွေ တုန်​​နေတယ်​...

ရင်​​တွေတုန်​​နေတာလည်း....မ​ပျောက်​.....

သူက​တော့....မျက်​ခုံးကို....
ပင့်​လို့.....နား​ထောင်​​နေသည်​.....

"ဘယ်​လို.......ဒီ​.....ရောက်​​နေတာလဲ"

"ဟားဟား ဟားဟား.. .."

သူက ၀ိုင်​​ခွက်​ကို.......
ပြန်​ချရင်း​ ရယ်​လိုက်​သည်​.....

"ကေ​လးရယ်....ကိုယ်​အိမ်​ပါဆို....
ကိုယ်​ရှိတာ....ဘယ်​ဆန်းမလဲ....."

သို့.....ချစ်​​သောဗီလိန်​...[ Completed ]Where stories live. Discover now