ဗီလိန်​ကို ရင်​ဆိုင်​ရန်​...သို့​သော်​...

6.1K 633 103
                                    


"Hun......."

သတိရလာ​သော Shin က ​ဖျော့​တော့​သော အသံဖြင့်​....​ခေါ်၏......

"ဟင်​.....Shin....သက်​သာရဲ့လား.....
လည်​ပင်း​ရော.....ဘယ်​လို​နေလဲ....."

ကျ​နော်​​မေး​တော့....
သူမက...သူမလည်​ပင်းအားလက်​နဲ့စမ်း၏

"ဟင်​...အင်း...သက်​သာပါတယ်​.....
သိပ်​မနာပါဘူး.....
Shin ဘာသာ လန့်​ပြီး​မေ့သွားတာ....."

သူမက ​ဖြေသိမ့်​ကာ​ပြောေ​နပေမယ့်​....
ကျ​နော်​.....စိတ်​ပူသည်​....
လည်​ပင်းဖြူ ဖြူ မှာ...လက်​ရာကထင်း​နေတာ

ကျ​နော်​ မျက်​နှာမပြရဲ​လောက်​​အောင်​ကို...
အားနာမိပါသည်​....

ကျ​နော်​မ​ကောင်းလို့......

"Hun .....​ဘယ်​လို​ရောက်​လာတာလဲ...."

"မီဒီယာ သမား...အတုအ​ကြောင်း
ကိုယ်​​သိသွားလို့......သူ့ဆီလာတာ..."

သူမက လှဲ​နေရာမှ ထထိုင်​သည်​.....

"​တောင်းပန်​ပါတယ်​......Shin....
ကိုယ်​....မျက်​နှာ...မပြ၀ံ့ပါဘူး.....
ကိုယ့်​​ကြောင့်​....Shin ထိခိုက်​ရပြန်​ပြီ...."

"ကိုယ့်​​ကြောင့်​.....ကိုယ်​မ​ကောင်းလို့....
ကိုယ်​...ကိုယ်​..ဘာပြန်​လုပ်​​ပေးရမလဲဟင်​"

ကျ​နော်​ သူမကို
ထပ်​ခါထပ်​ခါ ​တောင်းပန်​သည့်​တိုင်​.....
သူမကငြိမ်​​နေသည်​မို့.....
ကျ​နော်​စိတ်​ပူလှပါသည်​...
သူမ.....ကျ​နော့်​ကို..အထင်​​သေးသွားပြီလား

"Shin ရယ်​ ဒီလိုကြီးငြိမ်​မ​နေပါနဲ့....
ပြောပါ...ကိုယ့်​ကို.....အပြစ်​​ပြောပါ....
ဒါမှမဟုတ်​...
ကိုယ့်​ကို တစ်​ခုခုပြန်​လုပ်​ပါ...."

ကျ​နော်​ ​နေမရ ထိုင်​မရဖြစ်​လာသည်​....
သူမ ကျ​နော့်​ကို အပြစ်​​ပြော​တော့မည်​လား..
သူမကျ​နော့်​ကို...
ဆိုးရွားတဲ့တစ်​ခုခုပြန်​တုံ့ပြန်​ရင်​​တောင်​..
ကျ​နော်​.......​ကျေနပ်​မိဦးမည်​.....
အခုလိုကြီးကျ.....ကျ​နော်​ပိုအားနာလာသည်

သို့.....ချစ်​​သောဗီလိန်​...[ Completed ]Where stories live. Discover now