one more character

3.6K 249 3
                                    

Devli <Part-4>

" park chanyeol နဲ့လက်​ထပ်​မယ့်​မိန်းက​လေးဆိုတာ ညီမလား..."baekသတိလက်​လွတ်​​ရေရွတ်​မိလိုက်​သည်​...
baekဆက်​​မ​တွေးရဲ​တော့ဘူး....မဟုတ်​ဘူး...ဒီအဖြစ်​မှန်​ကိုbaekလုံးဝလက်​ခံနိုင်​စွမ်းမရှိဘူး...."

Baekအတွက်​ရုတ်​တရက်​ဆန်​လွန်းတဲ့ကိစ္စ​တွေအရမ်းများလွန်း​နေသည်​..... သူမရင်​ထဲမှဝမ်းနည်းမှုအလုံးအရင်းဆို့တက်​လာသည်​..

Chanyeolတိုက်​ခန်းဝနားရပ်​​နေသည့်​ baekကို​ရုတ်​တရက်​တွေ့မြင်​သွား​သောအခါ..​ချော​မောလှ​သောမျက်​နှာပြင်​​ပေါ်တွင်​ အလိုမကျမှုတခု​နေရာယူသွားသည်​....ထူထဲနက်​​မှောင်​လှ​သော မျက်​ခုံးနှစ်​ခုကတွန့်​ချိုးလျက်​....
"သူမကဒီကိုဘာလာလုပ်​တာလဲ...ဧကန္တ သူ့ချစ်​သူliyoonကိုတခုခုလုပ်​မလို့များလား...."chanyeolသံသယစိတ်​ဖြင့်​baekအ​ပေါ်​ဒေါသထွက်​သွားသည်​....သို့​သော်​ သူ၏ချစ်​သူ liyoonသတိမထားမိရန်​ ပျက်​​ယွင်းနေ​သောမျက်​နှာကို လျင်​မြန်​စွာ​ပြောင်းလိုက်​ရင်း baekhyunကိုသူစိမ်းတ​ယောက်​လို ​အေးစက်​စက်​ကြည့်​ကာ မျက်​နှာလွှဲလိုက်​သည်​...

Baekhyun​ကြောင်​အစွာတွင်​သူ့ကို​ငေးကြည့်​​နေမိသည်​..အတူ​နေလာတာငါးနှစ်​ရှိပြီ​လေ... သူ့ရဲ့အပြုအမူအ​သေးစိတ်​ကအစ..အကြည့်​တချက်​ကအစ သူမ ​သေချာနားလည်​တာ​ပေါ့..... ​သူ့ရဲ့မျက်​ဝန်း​တွေထဲမှာ..
အထင်​​သေးမှု...အံ့သြမှု...​ဒေါသထွက်​မှုသံသယများစွာ​ရောယှက်​နေတာကိုbranded sunglassesရဲ့ မှန်​အမည်း​ရောင်​​တွေကိုထိုး​ဖောက်​ကာ baek ​ကောင်း​ကောင်းနားလည်​လိုက်​သည်​....

ထိုအချိန်​Baekရဲ့ကမ္ဘာ​လေးတခဏရပ်​တန့်​သွားသည်​..
လေးရက်​ရှိပြီ.​လေးရက်​....
သူ့ကိုမ​တွေ့မမြင်​ရတာ​လေးရက်​​တောင်​ရှိသွားပြီ...သူအရင်​တုန်းကထက်​​တောင်​ ပိုပြီးခန့်​လာသည်​..ပိုပြီး​ချောလာသည်​ဟု baek​တွေးမိလိုက်​သည်
တဆက်​တည်းမှာပင်​..baekနဲ့သူနဲ့လုံးဝအဆက်​အသွယ်​ဖြတ်​လိုက်​တာ​ပေမယ့်​..baekသူ့အ​ပေါ်သံ​ယောဇဉ်​တစ်​မျှင်​​လေး​တောင်​မပြတ်​နိုင်​ပါလား ဆိုတာကိုbaekထပ်​တူသိရှိလိုက်​ရသည်​..

DevilWhere stories live. Discover now