I don't believe

3.6K 285 61
                                    

Devil <Part-27>

"ဂို​ထောင်​ထဲကိုဝင်​ကြ...ဂို​ထောင်​ထဲမှာမီးလင်း​နေတယ်​...."
အကြီးအမှူးဖြစ်​ဟန်​တူ​သော ရဲတစ်​​ယောက်​က ​အော်​ဟစ်​အမိန့်​​ပေးလိုက်​သည်​.....

Chanyeol ကားရပ်​ရပ်​ချင်း ဂို​ထောင်​ထဲသို့ တစ်​ဟုန်​ထိုး​ပြေးဝင်​သွားသည်

Sehun လည်း ကား​ပေါ်မှအလျင်​အမြန်​ဆင်းပြီး Chanyeol​နောက်​သို့လိုက်​သွားလိုက်​သည်​....

မီး​ရောင်​ခပ်​မှိန်​မှန်​​အောက်​မှ စားပွဲခုံခပ်​​ဟောင်း​ဟောင်းတစ်​လုံး ဖရိုဖရဲဖြစ်​​နေသည်​က ​မကြာ​သေးခင်​က ရုန်းရင်းဆန်​ခတ်​ဖြစ်​ခဲ့တာကိုသက်​​သေပြ​နေသည်​....

ဝါကြင့်​ကြင့်​ နံရံ​ပေါ်မှ အနီ​ရောင်​အရည်​များက စီးကျလျက်​....ကြမ်းပြင်​​ပေါ်မှ ဖန်​ကွဲစ တစ်​ချို့....

"ဒါဝိုင်​​တွေပဲ..."
ရဲမှူး​က ထိုအရည်​တို့ကို လက်​နှင့်​တို့ကာ နှာ​ခေါင်းဝတွင်​​တေ့ရင်း​ပြောလိုက်​သည်​....

"ဆရာ.....ကြမ်းပြင်​​ပေါ်မှာ​သွေးစက်​​တွေ....."
လက်​နှိပ်​ဓာတ်​မီးအ​သေးစားနှင့်​ ​သွေးစက်​များကို ထိုးပြလျက်​ ရဲအရာရှိငယ်​တစ်​​ယောက်​၏ အလန့်​တစ်​ကြား​အော်​လိုက်​သံ....

"​သွေး..."
Chanyeol ပါးစပ်​မှတုန်​လှုပ်​စွာ​ရေရွတ်​လိုက်​သံ....

"ဒီ​သွေးစက်​​တွေက ဂို​ထောင်​အ​နောက်​ဘက်​ကို ဦးတည်​သွားတယ်​.....ဆရာ..ဆရာ.....ဒီအ​နောက်​မှာ တံခါး​ပေါက်​တစ်​​ပေါက်​ရှိတယ်​..."
ရဲငယ်​၏စကားအဆုံးမှာပဲ chanyeol ထိုအ​ပေါက်​စီသို့ တစ်​ဟုန်​ထိုး​ပြေးသွားသည်​......

"​ကျေးဇူးပြုပြီး မင်းဘာမှမဖြစ်​ရဘူး.....​ကျေးဇူးပြု ပြီး..."
Chanyeol မျက်​ရည်​တို့ဝဲလာသည်​....

မြစ်​ပြင်​ကျယ်​ကြီးကChanyeolကို စီးကြို​နေလျက်​.....

"Baekက ​ရေမကူးတတ်​ဘူး....အဲ့တာ​ကြောင့်​ Baek​ရေနစ်​ရင်​​တော့ yeolလာကယ်​​ပေးပါ​နော်​....."
လွန်​ခဲ့တဲ့ ငါးနှစ်​​ကျော်​က တစ်​နည်းအားဖြင့်​ baekသူ့ကိုအရမ်းချစ်​ခဲ့စဉ်​တုန်းက သူ့ကိုအားကိုးတကြီး​ပြောပြဖူးခဲ့တဲ့ စကား​လေးတစ်​ခွန်း.....

DevilWhere stories live. Discover now