Don't touch my family

4K 261 0
                                    

Devil<Part-9>

Time is flying fast.....

After four years later.....

အပြာ​ရောင်​တစ်​ထပ်​အိမ်​ပု​လေးတစ်​အိမ်​၏​ရှေ့တွင်​ ဂါဝန်​အပန်း​ရောင်​ကားကား​လေးနှင့်​ က​လေး​လေးတစ်​​ယောက်​...
ကစားရတာအရမ်း​မော​နေသည်​နှင့်​တူသည်​...
နဖူးပြင်​​တွေ​ချွေးစက်​​လေး​တွေ တွဲလွဲခိုလျက်​.....

ရှေ့တွင်​ကျ​နေ​သောဆံမြိတ်​အချို့တွင်​ ​ချွေးအချို့စိုစွတ်​​လောက်​​အောင်​​မော​နေ​သော်​လည်း က​လေးမ​လေးမှာ အဖြူ​ရောင်​ရှူးဖိနပ်​ဝတ်​ထား​သော သူမ၏​ခြေ​ထောက်​​သေး​သေး​လေးများနှင့်​ မရပ်​မနားခုန်​​ပေါက်​​နေ​သေးသည်​...

ဖြူဥ​နေ​သောမျက်​နှာပြင်​​ပေါ်တွင်​ ပါးမို့မို့​လေးနှစ်​ခုက ​နေ​ရောင်​​အောက်​တွင်​ နီရဲ​နေသ​ယောင်​....
ဖောင်း​ဖောင်းတစ်​တစ်​လက်​က​လေးတစ်​ဖက်​တွင်​ ပူစီ​ဖောင်းမှုတ်​သည့်​ ဆပ်​ပြာဘူး​လေးကိုကျစ်​ကျစ်​ပါ​အောင်​ဆုတ်​ထားပြီးကျန်​လက်​တစ်​ဖက်​က မှုတ်​တံ​လေးကိုကိုင်​ထားသည်​...

"ဝှါး......ပူ​ဖောင်း​လေး​တွေအများကြီးပဲ..."

နဂိုမို့မို့​လေးဖြစ်​​နေ​သော ပါး​လေးကို​ဖောင်းကာ ပူ​ဖောင်း​လေးများကိုအားပါးတရမှုတ်​ထုတ်​ရင်း အိမ်​​ရှေ့မှဖြတ်​​လျှောက်​သွား​သောလူတိုင်းကိုလည်း ​အော်​ဟစ်​ကာနှုတ်​ဆက်​​နေ​သေးသည်​...သူမ၏အသဲပုံ ပုံစံရှိ​သောနှုတ်​ခမ်း​လေးကို ပြုံးပြလျက်​...

ထိုတစ်​ထပ်​အိမ်​​လေး၏အထဲတွင်​ လှပ​နေ​အောင်​ပြင်​ဆင်​ထား​သောမိန်းမကြီးက သူမ၏လက်​သည်းအားအလှဆင်​​ပေး​နေ​သော မိန်းက​လေးကို​ပြောလိုက်​သည်​...
"Baek​ရေ...နင့်​သမီး​sooလေးက တစ်​​နေ့တစ်​ခြားပိုပိုပြီး ချစ်​စရာ​ကောင်းလာတယ်​​နော်​..ငါဖြင့်​ချစ်​လိုက်​တာ​အေ..."

Baek ကစား​နေ​သောသူမ၏ သမီး​လေးကို တစ်​ချက်​လှည့်​ကြည့်​လိုက်​ပြီး မျက်​နှာတွင်​ ပီတိပြုံး​လေးတစ်​ခု ဖြစ်​ထွန်းသွားသည်​...
ထို့​နောက်​ သူမ၏အာရုံကို အလုပ်​စားပွဲခုံ​ပေါ်တွင်​ရှိ​သော အန်​တီကြီး၏လက်​သည်းစီသို့ပြန်​ပို့လိုက်​ပြီး...
"ဟုတ်​တယ်​..အန်​တီsu​ရေ..
တော်​​သေးတာ​ပေါ့....soo​လေးက သူ့ဟာသူတစ်​​ယောက်​တည်းဆော့တတ်​လို့...
baekကသူတစ်​​ယောက်​တည်းပျင်း​နေမှာစိုးရိမ်​​နေတာ....
baekအလုပ်​လုပ်​တဲ့အချိန်​ဆိုလုံးဝအ​နှောင့်​အယှက်​မ​ပေးဘူး...သူ့ဟာသူ​ဆော့​နေတာ..."
baek မိခင်​တစ်​​ယောက်​၏ ဂုဏ်​ယူ​သောအပြုံး​လေးဖြင့်​ ​ပြောလိုက်​သည်​...

DevilWhere stories live. Discover now