Mystery

4.4K 306 58
                                    

Devil <Part-24>

"ဘာ...က​လေးအတုဟုတ်​လား...."
Chanyeol​ဒေါသတကြီးနဲ့ ​အော်​ဟစ်​ရင်း အိမ်​ထဲသို့ ဝင်​လာသည်​....

"မဟုတ်​ဘူး...chanyeol...မဟုတ်​ဘူး...ကျွန်​မ​ပြောတာနား​ထောင်​ပါဦး..."
Liyoon chanyeol၏ လက်​ကိုဆွဲရင်း အလန့်​တကြား​တောင်းပန်​လိုက်​သည်​....

Chanyeol သူမ၏လက်​ကို ခပ်​ကြမ်းကြမ်းရုန်းပစ်​လိုက်​ရင်း တွန်းလိုက်​သည်​....

"မင်းဆိုလိုတာ jong​လေးကငါ့​သွေးသားမဟုတ်​ဘူးလား...."
Chanyeol လက်​တို့က ​ဒေါသ​ကြောင့်​တစ်​ဇတ်​ဇတ်​တုန်​​နေသည်​....

Liyoonလဲ​နေရာမှအတင်းပြန်​ထရင်း chanyeolလက်​တို့ကိုထပ်​ဆွဲကာ
"မဟုတ်​ဘူး...chanyeol..ကျွန်​မရှင်းပြမယ်​...ကျွန်​မဒီလိုလုပ်​ခဲ့တယ်​ဆိုတာ ရှင့်​ကိုချစ်​...."

"​ဖြောင်း...."
Chanyeol liyoonပါးကို ခပ်​ပြင်းပြင်းတစ်​ချက်​ရိုက်​လိုက်​သံ....

Liyoonကြမ်းပြင်​​ပေါ်သို့ လဲကျသွားသည်​..

"မင်းငါ့ကိုချစ်​တာမဟုတ်​ဘူး....မင်း ငါ့စည်းစိမ်​​တွေကိုချစ်​တာ....မင်းကိုအခုချိန်​ထိသည်းခံပြီး​ပေါင်း​နေတာ jong ​လေး​ကြောင့်​....jong​လေးသာမရှိရင်​ မင်းကို ငါလွန်​ခဲ့တဲ့ သုံးနှစ်​​လောက်​ကတည်းကကွာရှင်းပြီးပြီ......​တောက်​...."
Chanyeol စိတ်​ပျက်​စွာ နဖူးကို လက်​နှင့်​ဖိလိုက်​ရင်း တစ်​ဖက်​သို့လှည့်​လိုက်​သည်​...

"Liyoonအဆင်​​ပြေရဲ့လား...."
Baek လဲကျသွား​သော သူမကို ထူ​ပေးရင်း စိုးရိမ်​တကြီး​မေးလိုက်​သည်​....

"ဖယ်​...ငါ့ကိုမထိနဲ့...အဲ့တာအကုန်​နင့်​​ကြောင့်​ နင့််​​ကြောင့်​..."
စိုးရိမ်​တကြီးထူ​ပေး​နေ​သောbaek၏လက်​တို့ကိုliyoonဆွဲဖယ်​ရင်းတွန်းလိုက်​သည်​....

"Nar Liyoon...မင်းထွက်​သွား....ငါ့မျက်​စိ​ရှေ့ကအခုချက်​ချင်းထွက်​သွားစမ်း..."
Chanyeol စားပွဲကိုလက်​သီးနှင့်​ခပ်​ကြမ်းကြမ်းထုတစ်​ချက်​ထုကာ ​အော်​​ပြောလိုက်​သည်​...

liyoon baekကို မုန်းတီးစွာကြည့်​ကာ
အိမ်​ထဲမှ ​ပြေးထွက်​သွားသည်​.....

DevilWhere stories live. Discover now