Fake

4.7K 331 65
                                    

Devil <Part-23>

"​တောက်​...ကွာရှင်း​ပေးရမယ်​ဟုတ်​လား...park chanyeol...လုံးဝမကွာ​ပေးနိုင်​ဘူး....."
လက်​သည်းရှည်​ရှည်​တို့နှင့်​လက်​တစ်​စုံက စာရွက်​ကို တစ်​စစီဆုတ်​​ဖြဲလိုက်​သည်​....

"မင်းဖြဲပစ်​လည်းအပိုပဲ....​ရော့..​နောက်​တစ်​​စောင်​..."
Chanyeol​အေး​ဆေးစွာ စားပွဲခုံ​ပေါ်ကို စာရွက်​​နောက်​တစ်​ရွက်​ပစ်​တင်​လိုက်​သည်​....

"​အား​အင်​တွေအလကားသပ်​သပ်​အကုန်​မခံချင်​စမ်းပါနဲ့....မင်းဘယ်​လိုလုပ်​လုပ်​ကွာရှင်း​ပေးရမှာပဲ....."

"ကျွန်​မ လုံးဝမကွာရှင်း​ပေးနိုင်​ဘူး...park chanyeol.."
Liyoonအာ​ခေါင်​ခြစ်ပြီး​အော်​လိုက်​သည်

"ဘာလဲ...နစ်​နာ​ကြေးနည်းလို့လား...."
Liyoonတစ်​​ယောက်​ ​ဒေါသအပြင်းအထန်​ထွက်​​နေသ​လျောက်​...chanyeolက​တော့တည်​ငြိမ်​လွန်းသည်​.....

"မပူပါနဲ့...jong​လေးကို ငါကိုယ်​တိုင်​တာဝန်​ယူမှာပါ...မင်းရဲ့အလုပ်​က ကွာရှင်းစာချုပ်​မှာလက်​မှတ်​​လေးထိုး​ပေးပြီး မင်းစိတ်​​ကျေနပ်​​လောက်​မဲ့ နစ်​နာ​ကြေး နဲ့ငါ့​ဘေးကအပြီးပိုင်​ထွက်​သွားဖို့ပဲ...."

"​တောက်​....."
နီညို့ညို့​ရောင်​နှုတ်​ခမ်းပါးတစ်​စုံကို ပြတ်​ထွက်​မတတ်​ကိုက်​ရင်း liyoon chanyeol​ရှေ့မှလှည့်​ထွက်​လာခဲ့သည်​...

"ဂျိန်း...."
ကျယ်​​လောင်​​သောတံခါးပိတ်​သံ အဆုံးမှာ chanyeol နှုတ်​ခမ်းကိုတစ်​ဖက်​တွန့်​ကာတည်​ငြိမ်​စွာပြုံးလိုက်​ရင်း လက်​မှစီးကရက်​အကျန်​ကို အမှိုက်​​တောင်းထဲသို့ ပစ်​ထည့်​လိုက်​သည်​....

×××××

"ကျွီ..."
အိမ်​​ရှေ့ခန်းက တံခါးဖွင့်​သံ​ကြောင့်​ chanyeolပြန်​လာပြီဆိုတာ baekသိလိုက်​သည်​....

"Appaပြန်​လာပြီ....baek​ဘေးနားတွင်​ထိုင်​​နေ​သောsoo​လေးက ဆိုဖာ​ပေါ်မှချက်​ချင်း​ဆင်းသွားပြီး chanyeolစီသို့ ​ပြေးသွားသည်​..

Baekမသိချင်​​ယောင်​​ဆောင်​လိုက်​ပြီး soo​လေးနှင့်​အတူတူကြည့်​​နေ​သောကာတွန်းကားကိုသာ ဆက်​ကြည့်​​နေလိုက်​သည်​....
ဒီအိမ်​မှာchanyeolနဲ့အတူတူ​နေတာ တစ်​ပတ်​​တောင်​ပြည့်​​တော့မည်​...
နေ့တိုင်းသူ့ရဲ့ကလိမ်​ကကျစ်​ကျပြီး   အသားယူတာ​တွေကိုလည်း baekကျင့်​သားရသလိုဖြစ်​​နေပြီ....soo​လေးကလည်း chanyeolကိုအ​တော်​ခင်​တွယ်​​နေပြီ​လေ....

DevilWhere stories live. Discover now