forever

2.6K 219 32
                                    

Devil <Part-35>

"ကျွန်​​တော့်​ကို ဖုန်းဆက်​​ခေါ်တာ ဘာတိုင်​ပင်​စရာရှိလို့လဲဗျ..."

Sehun က သူ့​ရှေ့တွင်​ချထား​သောအ​ငွေ့တစ်​လူလူနှင့်​​ကော်​ဖီခွက်​ကိုအသာအယာ​ကောက်​ကိုင်ရင်း​မေးလိုက်​သည်​....

"ကိုယ်​Baekကို လက်​ထပ်​ခွင့်​တောင်းချင်​လို့...."

"ဟင်​..."
Sehun ​သောက်​လက်​စ​ကော်​ဖီကို ကမန်းကတန်းပြန်​ချရင်း ကျွန်​​တော့်​ကို
အံ့သြတကြီး​မေးလိုက်​သည်​......

"ခင်​ဗျား အရင်​က baekကိုလက်​ထပ်
ခွင့့်မ​တောင်းဖူးဘူးလား...."

ကျွန်​​တော်​​တွေး​တွေးဆဆ​လေးပြန်​စဉ်းစားရင်း...

"ကိုယ်​ baekကိုချစ်​တယ်​လို့​တောင်​ မ​ပြောဖူးဘူး...."

"ဗျာ...."

ပြူးတူးပြဲတဲအမူအရာနှင့်​ sehun​ကြောင့်​ ကျွန်​​တော်​သိမ်​ငယ်​သလိုခံစားလိုက်​ရသည်​....

ဂုတ်​ကိုလက်​ဖဝါးနှင့်​ပွတ်​ပြီးစိတ်​မသက်​မသာဖြစ်​​နေတဲ့ကျွန်​​တော့်​ပုံစံက တကယ်​ကိုအူ​ကြောင်​​ကြောင်​နိုင်​လှသည်​....

သေချာ​တွေးကြည့်​​တော့လည်း sehunအံ့သြတာမဆန်းလှ...ချစ်​တယ်​လို့မ​ပြောဖူးဘဲ က​လေးတစ်​​ယောက်​​တောင်​ရှိ​နေတယ်​ဆို​တော့

"အင်း...ထားပါ​တော့ အခုလိုရင်းက
baekကိုလက်​ထပ်​ခွင့်​​တောင်း အဲ...မဟုတ်​​သေးပါဘူး...ဖွင့်​​ပြောမလို့ ကျွန်​​တော့်​ကိုအကြံဉာဏ်​​ပေးခိုင်းတယ်​ဆိုပါ​တော့...."

ကျွန်​​တော်​ သနားစဖွယ်​ ​ခေါင်းကိုတစ်​ဆတ်​ဆတ်​ငြိမ့်​ပြလိုက်​သည်​....

အခု ကျွန်​​တော့်​ပုံစံက သခင်​အမိန့်​​ပေးသမျှကိုတစ်​​သွေမတိမ်းလိုက်​နာမယ့်​ ​ခွေး​လေးတစ်​​ကောင်​နဲ့​တောင်​တူ​နေပြီထင်​တယ်​.....

"ဒါ​လေးများဗျာ...ခင်​ဗျားရဲ့​ထောင်​​ပေါင်းများစွာ​သောDesigner​တွေထဲက တစ်​​ယောက်ကို စိန်​လက်​စွပ်​တစ်​ကွင်းလုပ်​ခိုင်းပြီး လက်​ထပ်​ခွင့်​​တောင်းလိုက်​​ပေါ့...."

DevilWhere stories live. Discover now