Do I?

3.4K 291 41
                                    

Devil  <Part-33>

"ကျွန်​မ မှား​နေပြီလား.....သူ့ကို ကျွန်​မ နားက ထွက်​သွားခိုင်းတာကျွန်​မ မှား​နေပြီလားဟင်​...."

"Liyoon​ရေ...ငါဒီတခါ​လောက်​​တော့ အတ္တကြီးချင်​တယ်​ဟာ...."

နားစပ်​သပ်​နားက သူ့ရဲ့ နှုတ်​ခမ်းပါးရာ​လေးကို ရူးမိုက်​စွာ ခံစားရင်း ထို​နေ့ည က ကျွန်​မအိပ်​​ရေးပျက်​ခဲ့ပါသည်​....

××××××××

ကျွန်​မ ဒီ​နေ့​ဆေးရုံဆင်းတယ်​....

ဗိုက်​ကဒဏ်​ရာက အ​တော်​အတန်​သက်​သာလာပါပြီ....

ဒါကိုPark Chanyeolက ကျွန်​မကို လမ်းမ​လျှောက်​ ​စေလို​သေး

Wheel chairကြီးတစ်​ကားကားနှင့်​ဘယ်​​နေရာမဆို သွား​နေရတာ ကျွန်​မကိုယ်​ ကျွန်​မ​တောင်​ မုန်းချင်​လာသည်

"လူနာ...Byun Baekhyun....ဒီတလအတွင်း​ပြေးတာ လွှားတာ​တွေမလုပ်​ပါနဲ့​နော်​....ကျန်​တာက​ထွေ​ထွေထူးထူးမရှိပါဘူး...​ဆေးရုံဆင်းလို့ရပါပြီ...."

အင်္ဂလိပ်​ သံခပ်​ဝဲဝဲ​ပေါက်​​သော
ရွှေအို​ရောင်​ ဆံပင်​ နှင့်​ Doctor Kris က ကျွန်​မကို ပြုံးရွှင်​စွာ​ပြောသည်​....

"​ကျေးဇူးတင်​ပါတယ်​ ဆရာ..."

ကျွန်​မ ​ဆေးရုံတက်​​နေစဉ်​အ​တောအတွင်း ကျွန်​မကို တာဝန်​ယူ​သော Doctorရယ်​ပါ....အသက်​ရွယ်​တူနီးပါးရှိတာ​ကြောင့်​လည်း အ​တော်​ခင်​မင်​သွားခဲ့တယ်​​လေ....

ကြည့်​ရတာ Kris ကလည်း မိသားစုခပ်​ကြီးကြီးက ပုံစံပင်​....Doctor အလုပ်​ကို ဝါသနာပါလို့လုပ်​​နေ​ပေမယ့်​ Park Chanyeol ​လောက်​နီးပါး ချမ်းသာ​လောက်​မည်​ဟု ကျွန်​မ ထင်​သည်​....

အဲ....Park Chanyeolက​တော့ Krisကိုမျက်​နှာ​ကြောလုံးဝမတည့်​....

"ချုပ်​ရိုးက နာတာပြုတာရှိခဲ့ရင်​လည်း ကျွန်​​တော့ဖုန်းနံပါတ်​ကို အချိန်​မ​ရွေးဆက်​လိုက်​ပါ...."

ကြည့်​ပါဦး...အခုလည်း ပြုံးရွှင်​ပြီး ​စေတနာနဲ့ ​ပေး​နေတဲ့ လိပ်​စာကဒ်​ကို ဂျစ်​ကန်​ကန်​နဲ့ဆွဲယူလိုက်​ပြန်​ပြီ....

DevilWhere stories live. Discover now