Yes,I'm devil

4.9K 306 63
                                    

Devil< Part-20>

"သူ...သူ..park chanyeol...."
Baekhyun၏နှုတ်​ခမ်းပါးမှ အံ့သြသံပွင့်​ဟလာသည်​...

"Mrs.Byun baekhyun shi.. ​တွေ့ရတာဝမ်းသာပါတယ်​​နော်​...လာရင်းကိစ္စ​လေး​ဆွေး​နွေးရ​အောင်​လား..."
Chanyeol သူ၏ပါးချိုင့်​တစ်​ဖက်​ကိုခွက်​ဝင်​သွား​အောင်​ပြုံးရင်း​ပြောလိုက်​သည်​...

"ရှင်​က...ရှင်​ကbossဆိုတဲ့ဟာလား...."

"ဒါ​ပေါ့...."

ကျေနပ်​စွာအားပါးတရပြုံး​နေ​သောသူ့မျက်​နှာ​ချော​ချောကိုသာ baekအားပါးတရကုတ်​ခြစ်​ပစ်​လိုက်​ချင်​​တော့သည်​...

"​ကောင်းပြီ​လေ....ဒါဆိုပွင့်​ပွင့်​လင်းလင်းပဲ​ပြောမယ်​.....ကျွန်​မအိမ်​လုံးဝမ​ပြောင်း​ပေးနိုင်​ပါဘူး..."

"မင်းဘယ်​​လောက်​လိုချင်​လို့လဲ....​ပြောကြည့်​​လေ.."chanyeol ထိုင်​ခုံ​ပေါ်စတိုင်​ပါပါနှင့်​ထိုင်​ရင်း​ပြောလိုက်​သည်​...

ဘာ...ဒီလူဦး​နှောက်​ထဲမှာပိုက်​ဆံရှိရင်​ဘာမဆိုရပြီထင်​​နေတာလား..baekhyunစိတ်​တိုသွားသည်​.....​ကောင်းပြီ​လေ...ဟင်းဟင်း....Baek ပညာ​ကောင်း​ကောင်း​ပေးရန်​ အကြံတစ်​ခုရသည့်​ပုံစံဖြင့်​ ပြုံးလိုက်​သည်​...

"ဝမ်​ သန်း1000..လက်​ငင်း​ပေးပါ..."
Baekhyun လက်​ပိုက်​ကာထိုင်​ခုံ​နောက်​က်ုမှီရင်း​ပြောလိုက်​သည်​...

Chanyeolဆီမှတုံ့ပြန်​သံမကြားရ​သော​ကြောင့်​ baekhyun​ကျေနပ်​စွာပြုံးလိုက်​သည်​...

"ဘာလဲ...ရှင်​သ​ဘောမတူလဲရတယ်​​နော်​..ကျွန်​မဒီအတိုင်းဆက်​​နေရုံပဲ....​ပြောင်းမ​ပေးနိုင်​ဘူး...."

"Ok​လေ....မင်း​ပြောတဲ့အတိုင်း​ပေးမယ်​....ဒါနဲ့မင်းကပိုက်​ဆံ​တော်​​တော်​လို​နေတာလား...ကလပ်​မှာ​တောင်​အလုပ်​လုပ်​​သေးတယ်​ဆို​တော့ မင်း​ယောကျာ်းက ပိုက်​ဆံ​ကောင်း​ကောင်းမရှာနိုင်​ဘူးနဲ့တူတယ်​..hkhk..."
Chanyeol ​ကော်​ဖီခွက်​နှုတ်​ခမ်းသားကိုလက်​နှင့်​သပ်​​နေရင်း ​လှောင်​ပြုံးပြုံးလိုက်​သည်​....

"..ဘာ...ရှင်​ထင်​ရာ​တွေမစွပ်​စွဲနဲ့...ကျွန်​မကလပ်​မှာ အဲ့လိုမလုပ်​ဘူး..."baekhyun ခပ်​စွာစွာပြန်​​အော်​လိုက်​သည်​..

DevilWhere stories live. Discover now