chance

3.9K 305 51
                                    

Devil <Part-28>

"ငါမယုံဘူး....ငါမယုံဘူး...."
Chanyeol​ခေါင်းကိုအသွင်​သွင်​ခါရင်း Emergency roomထဲသို့အတင်း​ပြေးဝင်​သွားသည်​.....

"Mr.Park ဝင်​လို့မရပါဘူးရှင်​...Mr.Park...."
Nurseမ​လေးက chanyeolကိုတားရန်​​နောက်​မှ​ပြေးလိုက်​ရန်​ပြင်​​သော်​လည်း
Sehun ​နောက်​မှလှမ်းဆွဲထားလိုက်​သည်​....

ခေါင်းကိုအသာခါပြလိုက်​ရင်း ​ပြေးဝင်​သွား​သော chanyeolကိုသာ သနားစိတ်​နှင့်​ကြည့်​နေ​လိုက်​သည်​.......

××××

မဆုံးနိုင်​​သော လမ်းတစ်​​လျှောက်​တွင်​သူမ အသည်းအသန်​​ပြေးလွှား​နေမိသည်​....

"အ!"
သူမ လဲကျသွားသည်​.....

ဒါဘယ်​​နေရာလဲ...?...ကျွန်​မ ဘယ်​​နေရာ​ရောက်​​နေတာလဲ....
Baek ​မှောင်​မဲ​နေ​သော ​ဘေးဘီကိုကြည့်​လိုက်​ရင်း ​ကြောက်​လန့်​လာသည်​....

"သမီး​လေး ထပါ..."
အသံလာရာ ​ရှေ့ကို baekကြည့်​လိုက်​သည်​....အဖြူ​ရောင်​ဝတ်​စုံနှင့်​ လူတစ်​​ယောက်​....

"ဘယ်​သူလဲ?"

ပီသစွာမမြင်​ရ​သော​ကြောင့်​ သူမ ​သေချာစိုက်​ကြည့်​ရင်း ​မေးခွန်းထုတ်​လိုက်​သည်​....

အသံပိုင်​ရှင်​က သူမနားသို့ တစ်​ဖြည်းဖြည်းတိုးကပ်​လာသည်​...

လက်​တစ်​ဖက်​က သူမကို ထူရန်​ ဆန့်​တန်းထားလျက်​....

တဖြည်းဖြည်းနီးကပ်​လာ​သော ထိုသူကို baek​သေချာကြည့်​လိုက်​​တော့...

"Appa?.......appaမလား....
appaဘာလို့ သမီးကိုအခုမှလာ​တွေ့တာလဲဟင်​....."
ဝမ်းသာအားရ​မေးလိုက်​သံ ​နောက်​တွင်​ baekရှိုက်​သံ​လေးတစ်​စွန်းတစ်​စပါဝင်​သွားသည်​....

"Appaသမီး​လေးမငိုပါနဲ့ကွယ်​...ထပါဦး...."

သူမ လှမ်း​ပေးထား​သော appa၏လက်​ကို ဆုပ်​ကိုင်​ကာ မတ်​တပ်​ထရင်း appaရင်​ခွင်​ထဲသို့တိုးဝင်​လိုက်​သည်​.....

"Appaကိုသမီး လွမ်း​နေတာ...."
ခပ်​​မှေး​မှေး မျက်​ဝန်းထဲမှ မျက်​ရည်​တို့လျှံကျလာသည်​.....

DevilWhere stories live. Discover now