what happens to me?

5K 299 33
                                    

Devil <Part-21>

"Ajushi ဒီထပ်​နည်းနည်း​လေးပိုမြန်​မြန်​​မောင်း​ပေးပါ...."

သမီး​လေး​ဇော​ကြောင့်​ လျင်​မြန်​စွာ​မောင်း​နေ​သောကားကိုပင်​ ​နှေးသည်​ဟုထင်​​နေမိသည်​...လက်​မှနာရီ​လေးကိုတစ်​ကြည့်​ကြည့်​နှင့်​ စိတ်​ထဲ​တွေးပူ​နေမိသည်​..
7:00 PM
Seoulကို​ရောက်​ဖို့ ​နောက်​ထပ်​2နာရီ​လောက်​ထပ်​​မောင်းရဦးမည်​....
ကားကူရှင်​ကိုသာကျစ်​ကျစ်​ပါ​အောင်​ဆုပ်​ကိုင်​ရင်း စိတ်​ကိုအသာထိန်းထားလိုက်​သည်​..

×××××

သူ၏ဖုန်း​ပြောသံတို့​ကြောင့်​လား မသိ....soo​လေး တအိအိနှင့်​နိုးလာသည်​...
"Soo​လေး နိုးပြီလား..."
က​လေး၏​ခေါင်းကိုညင်​သာစွာ ပွတ်​လိုက်​ရင်း ကြင်​နာ​သောအပြုံးတစ်​ခုကိုချိတ်​ဆွဲလျက်​ Chanyeol​မေးလိုက်​သည်​..

"Nae.....omma​ရော..."
အိပ်​ရာမှနိုးနိုးလာချင်း ommaကိုမ​တွေ့ရ​တော့ soo​လေးမျက်​ရည်​ဝဲလာသည်​...

"Ommaလာ​နေပြီ....အလုပ်​က​နောက်​ကျသွားလို့တဲ့...soo​လေးရဲ့..."
Chanyeol ​ချော့​သော်​လည်း soo​လေး၏မျက်​နှာမှာပြို​တော့မည့်​မိုးလို...

Chanyeol ​ခေါင်းကိုသာခပ်​ပြင်းပြင်းကုတ်​လိုက်​သည်​....soo​လေးငိုမှာသူအင်​မတန်​​ကြောက်​ပါသည်​...

"Ajushi....ommaကို​ခေါ်​ပေး..."
Soo​လေးငိုပါ​တော့သည်​....
Chanyeolကပျာကယာနှင့်​ ​ကောက်​​ပွေ့လိုက်​ပြီး ​ကျော​လေးကိုပုတ်​ကာ​ချော့သည်​...sooရဲ့မျက်​ဝန်းထဲမှာ​ကြောက်​ရွံမှုအပြည့်​.....

"Ajushiက လူဆိုးမလား....soo​လေးကို​ရောင်းစားမလို့မလား....Ajushiကလူဆိုးကြီး​နေမှာ...လူဆိုးကြီး..."

လူဆိုးကြီး? သမီး​လေးသူ့ကို လူဆိုးကြီးလို့​ခေါ်တာ Chanyeolစိတ်​ထဲတွင်​အလွန်​ခံရခက်​သည်​....

"Soo​လေး...ajushiက soo​လေးရဲ့appa...လူဆိုးကြီးမဟုတ်​ဘူး​လေ...Appaလို့​ခေါ်...Appa..."
က​လေးကို ​ပြောပြမှဖြစ်​​တော့မည်​..

Soo​လေးရုတ်​တရက်​အငိုရပ်​သွားပြီး သူ့ကို တစ်​ချက်​ကြည့်​လိုက်​သည်​...ပြီး​တော့ချက်​ချင်းထငိုပြန်​သည်​...
"Ajushiက appaမဟုတ်​ဘူး...Appaက မျက်​မှန်တပ်​​တယ်​..."

DevilWhere stories live. Discover now