Worries

3.7K 272 36
                                    

Devil< Part-26>

အ​ပေါ်စီးမြင်​​နေရတဲ့ seoul မြို့ရဲ့ ညအလှက ရင်​သပ်​ရှု​မောဖွယ်​​ကောင်းလှသည်​......စနစ်​တကျ​မောင်းနှင်​​နေကျ​သော ကား​လေးများကို သူမ​ငေးကြည့်​ရင်းအသက်​ကိုခပ်​ပြင်းပြင်းတစ်​ချက်​ရှူ ​ရှိုက်​လိုက်​သည်​.....

Liyoonဆီကိုတစ်​​ယောက်​တည်းသွား​တာ အန္တရာယ်​များမှန်းသိ​ပေမယ့်​သူမ​ကြောင့်​ ထိခိုက်​ရတဲ့သူ​တွေများ​နေပြီ....သူမအတတ်​နိုင်​ဆုံး ကာကွယ်​ရမည်​​လေ....liyoonရဲ့ next targetက soo​လေးဆိုရင်​မခက်​​ပေဘူးလား...
Liyoonဆီကကောင်း​ကောင်းမွန်​မွန်​ပြန်​လာနိုင်​ဖို့က သိပ်​မဖြစ်​နိုင်​တာကိုသူမ​ကောင်း​ကောင်းကြီးနားလည်ပါသည်....​​ ဒါ​ပေမယ့်​soo​လေးကို ​တော့သူမလုံးဝအထိခိုက်​မခံနိုင်​....

ခပ်​​လေး​လေးသက်​ပြင်းတစ်​ချက်​ကို ​နောက်​ဆုံးတစ်​ကြိမ်​ချလိုက်​ပြီး မတ်​တပ်​ရပ်​လိုက်​သည်​......

Liyoonရဲ့" Park Chanyeolမသိ​စေနဲ့"ဟူ​သောစကား​ကြောင့်​ Chanyeolရုံးမှပြန်​မလာခင်​ သူမသွားမှဖြစ်​မည်​....သူ့ရဲ့မျက်​နှာ​လေးကိုတစ်​ခါ​လောက်​​လေး​တွေ့ချင်​မိ​သေး​ပေမယ့်​​ပေါ့....

ကုတ်​အင်္ကျီအစိမ်းပုတ်​​ရောင်​ကို ထပ်​ဝတ်​လိုက်​ပြီး အိမ်​​ရှေ့ခန်းထဲသို့ထွက်​လာလိုက်​သည်​.....

"Arjima.....ဘယ်​သွားမလို့လဲ..."
ရုတ်​တရက်​မီးဖို​ချောင်​ထဲမှထွက်​လာ​သော​ ခပ်​​သေး​သေးအသံ​ကြောင့်​ သူမလန့်​သွားသည်​....

"Jong​လေး..အိပ်​​နေတာမဟုတ်​ဘူးလား...soo​လေး​ရော"သူမ ပုံမှန်​အတိုင်းပြုမူရန်​ကြိုးစားလိုက်​သည်​.....

"ကျွန်​​တော်​ ​ရေဆာလို့ထ​သောက်​တာ....ဟိုအိပ်​ပုတ်​မ​လေးက​တော့အိပ်​​နေတယ်​....."

က​လေးသာသာ ရှိ​ပေမယ့်​ ကိုယ့်​ကိုကိုယ်​ "ကျွန်​​တော်​"ဟုသုံးနှုန်းလိုက်​သော jong​လေးကို ကြည့်​ရင်း
"ဒီက​လေးက​တော့ သူမကို ​ချေ​နေပြန်​ပြီ​လေ....."ဟု​တွေးကာသူမပြုံးလိုက်​သည်​....

"Jong​လေးarjimaနား​ခဏ​လောက်လာပါဦး..."

ခါတိုင်းဆိုလျှင်​ ဒီအ​ဒေါ်ကြီးစကားနားမ​ထောင်​တတ်​​ပေမယ့်​ ဒီ​နေ့​တော့ထူးထူးဆန်းဆန်း Jong​လေး​ခြေ​ထောက်​​တွေက arjimaစီသို့ ဦးတည်​ပြီးသားဖြစ်​​နေသည်

DevilWhere stories live. Discover now