Real

3.3K 271 43
                                    

Devil <Part-30>

"ဆရာ...ဆရာစုံစမ်းခိုင်းထားတာ​တွေရပါပြီ....."

ရေစို​နေ​သော​ခေါင်းကိုပုဝါခပ်​​သေး​သေးတစ်​ထည်​နှင့်​သုတ်​ရင်း chanyeol ဖိုင်​တွဲတို့ကို လှန်​​လျောကြည့်​​နေမိသည်​...

"ကျွန်​​တော်​ အခင်းဖြစ်​တဲ့​နေရာမှာကျန်​ခဲ့တဲ့ nar liyoonဖုန်းကို စစ်​ကြည့်​လိုက်​​တော့ unkown number​တွေအများကြီးဝင်​ထားတာ​တွေ့ပါတယ်​...."

"အဲ့ဒီnumber ​တွေအကုန်​လုံးရဲ့ ​ခေါ်တဲ့သူကိုစစ်​ကြည့်​လိုက်​​တော့ ဒီလူတစ်​​ယောက်​တည်းကပဲ ဖုန်းကတ်​အများကြီးကိုသုံးပြီး တစ်​လှည့်​စီ​ခေါ်​နေတာပါ...."

အတွင်း​ရေးမှူး lee လက်​ထဲမှ ဓာတ်​ပုံကို chanyeol ယူကြည့်​လိုက်​သည်​....

ကား​မောင်းသူ​နေရာတွင်​ nar liyoonကထိုင်​​နေလျက်​...

အမဲ​ရောင်​ဦးထုတ်​နှင့်​ ​ယောက်ျား​တစ်​​ယောက်​က ကားတံခါးကိုဖွင့်​လျက်​ ထွက်​​နေ​သောပုံ...

"ဒီဓာတ်​ပုံက nar liyoon အိမ်​​ထောင်​​ရေး​ဖောက်​ပြန်​တယ်​ဆိုပြီး သတင်းဖြန့်​ချင်​တဲ့ သတင်း​ထောက်​စီက ရလာတာပါ...."

အတွင်း​ရေးမှူး lee က ​ပြောသည်​...

"ဘယ်​သူလဲ အဲ့တာက?"

"nar liyoonနားမှာ အမြဲလိုလို​တွေ့​နေရတတ်​တဲ့သူပါ....
ကြည့်​ရတာ nar liyoon လက်​သပ်​​မွေးထားတာနဲ့တူပါတယ်​......
နာမည်​က​တော့ jameပါ..ကြည့်​ရတာသူပဲ မူးဆစ်​​ဆေးဝါး​တွေ ဝယ်​​ပေးပုံရပါတယ်​..."

"အခု သူဘယ်​မှာလဲ"
မျက်​​မှောင်​ကျုံ့လျက်​ chanyeol​မေးလိုက်​သည်

"ကျွန်​​တော်​တို့ စုံစမ်း​နေဆဲပါ...."

"​ကောင်းပြီ....ဆက်​စုံစမ်းထားပါ...ပင်​ပန်းသွားပြီ....."
Chanyeol အတွင်း​ရေးမှူး lee ၏ပခုံးကိုပုတ်​ရင်း​ပြောလိုက်​သည်​....

သူမ ကိုထိခိုက်​​အောင်​လုပ်​တဲ့သူ​တွေမှန်​သမျှ သူခွင့်​မလွှတ်​နိုင်​......

Chanyeolလက်​သီးကို ကျစ်​ကျစ်​ပါ​အောင်​ဆုတ်​ထားလျက်​....

××××

DevilWhere stories live. Discover now