Two

6.6K 652 28
                                    

"Joon Oppa...hae ယောင်အန်းတောင်ကို သွားမယ်"

"Hae!!!"

အဝါရင့်ရောင် နွမ်းလျနေသော အခန်းနံရံအပြည့်စာအုပ်စင်တွေကြားမှ hae ထိုင်နေသော sofaရှည် ဆီသို့ ချက်ချင်း ရောက်လာပါသော joon oppa..။ သေချာပေါက် တားမည်ဆိုတာ သိသည်..ထို့ကြောင့် ခွင့်တောင်းရန်လာခြင်းမဟုတ် အသိပေးရုံသက်သက်သာ..။

"Oppa တားလည်း hae သွားမှာပဲဆိုတာ သိတယ်မလား?"

"Hae!! Hoseok က ဒီလိုတွေလုပ်စေချင်တယ်လို့ထင်လို့လား hae! သူက နင့်ဘဝကို အေးအေးချမ်းချမ်းပဲ ဖြတ်သန်းစေချင်တာ သိရဲ့သားနဲ့ဟာ"

ဆုံးဖြတ်ထားပြီးသား ကိစ္စမို့ haeဘက် ကတော့ ဘယ်တော့မှလက်လျော့မှာမဟုတ်...ထို့ကြောင့် ပေကပ်ကပ်နှင့်သာ ပြန်မပြောဘဲ မနက်က နှင်းဒဏ်ကာကွယ်ရန် ခြုံလာသော အညိုရင့်ရောင် အပေါ်ဝတ်ရုံမှ ချည်ထားသော ကြိုးများကိုသာ အကြောင်းမဲ့လိမ်နေလိုက်သည်။

"Hunter စခန်းကို နင် ဝင်မယ်ဆိုကတည်းက ငါတားခဲ့ရမှာ!"

ပြောလည်းနားထောင်မယ့်ပုံမပေါက်သည့် hae ကြောင့် Nam joon တစ်ယောက် မျက်နှာကိုသာ လက်နှစ်ဖက်ဖြင့် ပွတ်သပ်ရင်း သက်ပြင်းချရုံသာ တတ်နိုင်သည်။

"Hae ကို Jeon Jungkook အကြောင်းနဲ့ပတ်သတ်သမျှ စာအုပ်တွေရှာပေးပါ Joon Oppa!"

"နေအုန်း ဘယ်သူနဲ့သွားမှာလဲ hae?"

"လိုက်မယ်ဆိုရင်တောင် hae ဘယ်သူ့မှမခေါ်ချင်ဘူး oppa..ဒါ Haeကိစ္စမို့ ဘယ်သူ့ကိုမှ ဆွဲမထည့်ချင်ဘူး"

"Hae နင် အရမ်းအန္တရာယ်များတယ် ယောင်အန်းတောင်ဆိုတာ_"

"ယောင်အန်းတောင်????"

စာကြည့်ခန်းတံခါးကို ဖွင့်ဝင်လာသော jin oppa မှ မုန့်ဗန်းကို ကိုင်ကာ အလန့်တကြားမေးလာသည်...သက်တမ်းကြာရင့်ပြီဖြစ်သော တံခါးသည် ချက်ချင်းပြန်မပိတ်သေးဘဲ တကျွီကျွီ မြည်ကာ ဖြည်းဖြည်းချင်း စေ့သွားသည်။

"Hyung ဒီမယ် မင်းညီမ တစ်ယောက်ထဲ ယောင်အန်းတောင်ကိုသွားမယ်တဲ့!!"

Joon oppa မှ လှမ်းတိုင်ဟန် လေသံဖြင့် ပြောရာ မုန့်ဗန်းအား ဆောင့်ချလိုက်သော jin oppa ကြောင့် Hae ပင် တုန်တက်သွားရသည်။ Joon oppa အား မျက်စောင်းထိုးတော့ haeအား မဲ့ရွဲ့ပြနေသေးသည်။ သွားပြီ Jin oppa အားမကြောက်ပေမယ့် ပွစိ ပွစိ ရစ်မည့်ဒဏ်အား Hae မခံနိုင်..။

Under The Moonlit Nights [Completed]Where stories live. Discover now