sixteen

5.3K 515 39
                                    

"ဒုတ်​!"

သစ်​သားပြား​ပေါ်က ​ပစ်​မှတ်​အနီဝိုင်း​လေးထဲတွင်​ ​နေရာလပ်​ပင်​မကျန်​​တော့။ ​​အ​ချောင်းငါးဆယ်​တွင်​ ​နောက်​ဆုံးကျန်​​နေ​သော မြှားကို ​ကောက်​ကာ ချိန်​မိသည်​က အ​ရှေ့က ပစ်​မှတ်​မဟုတ်​ပါပဲ အ​နောက်​က​နေ စူးစိုက်​ကြည့်​​နေ​သော မျက်​လုံးပြာများဆီသို့...။

လာပြန်​ပြီ ဒီလူ...

မဲ့ရုံသာသာ တွန့်​ချိုးသွားတဲ့ နှုတ်​ခမ်းများက မြင်​ရသူအဖို့ ​တော်​​တော်​ကသိက​အောက်​ နိုင်​လှသည်​။

"မင်းက ထင်​တာထက်​ အာရုံခံမှု​ကောင်းသားပဲ"

Hae သက်​ပြင်းချပြီးသည်​နှင့်​ ချိန်​ထားသည့်​ မြှားဦးကိုပါ ချပြီး ပစ်​မှတ်​ဆီသာ ​လျှောက်​သွားလိုက်​သည်​။

စကားနိုင်​လုချင်​စိတ်​လဲမရှိသလို ရန်​ဖြစ်​ချင်​စိတ်​လဲမရှိသည်​မို့ လစ်​လျူရှုထားသည်​က ထို မင်​ယွန်းဂီနှင့်​ ရင်​ဆိုင်​ရန်​အ​ကောင်းဆုံးနည်းလမ်းပင်​။

ပစ်​မှတ်​သစ်​သားပြားတွင်​ စိုက်​ဝင်​​နေ​သော မြှားများကို ဆွဲထုတ်​ပြီး သား​ရေပြားအိတ်​​လေးထဲသို့ အစီအရီထည့်​ကာ လျော့​နေတဲ့ ​ခေါင်းစည်းစကို တင်း​အောင်​ပြန်​ချည်​လိုက်​ပြီး​နောက်​ ​ခါး​ပေါ်က ချိတ်​ဆွဲထား​သော ဓားရှည်​ကို စစ်​​ဆေးသည်​။

ဘယ်​​လောက်​ပဲ လစ်​လျူရှုမယ်​​ပြော​ပြော ​အ​သေ​ကောင်​ကြီးလို ​ဘေးကရပ်​ကြည့်​တာ ခံ​နေရတာမျိုးက စိတ်​ထဲ ဘယ်​လိုမှအဆင်​မ​ပြေ...။

"​ဘာလဲ ထပ်​ပြီး ဂျုံးဂုဆီက ထွက်​သွားဖို့ ​လာခြိမ်း​ခြောက်​​တာပဲလား??"

"အင်း"

Hae မျက်​​မှောင်​တို့ကြုတ်​လိုက်​မိသည်​။ ဂျုံးဂု မရှိတဲ့အချိန်​မှလာပြီး ခိုး​ကြောင်​ခိုးဝှက်​နဲ့ လာလာခြိမ်း​ခြောက်​​နေတာ သူ မပျင်း​ပေမယ့်​ hae ​တော်​​တော်​ပျင်း​နေပါပြီ။ အခုလည်း ညကတည်းက ဂျီမင်​oppaနဲ့ ဂျုံးဂုတို့ vamရွာ​တွေဆီ wolf​တွေဝင်​လာသည့်​ကိစ္စ​ကြောင့်​ အပြင်​ထွက်​သွားပါမှ ​ရောက်​လာ​ပြန်​တဲ့ ဒီလူ..

Under The Moonlit Nights [Completed]Where stories live. Discover now