eighteen

5.8K 529 69
                                    

ရဲတိုက်​​ခေါင်းမိုးဆီက အုပ်​ကြွတ်​​တွေနဲ့ မိုးစက်​​တွေ ထိရိုက်​တဲ့အသံမှာ နားထဲ မဆူညံ​ပေမယ့်​ အိပ်​ချင်​​နေသည့်​ စိတ်​ကို​ပြေ​ပျောက်​​စေသည်​။

ထို့​နောက်​ နှာ​ခေါင်းထဲဝင်​လာတာက ပူပူ​နွေး​နွေး စွပ်​ပြုတ်​အနံ့....။

Hae မျက်​လုံး​တွေကြိုးစားပြီး ဖွင့်​လိုက်​တဲ့အခါ အဝါညို့ညို့ မျက်​နှာကြတ်​ကြီးက ဆီးကြိုသည်​။ ​အိပ်​ယာ​ပေါ် ​စောင်းငဲ့ကြည့်​​တော့ သူမ တစ်​​ယောက်​ထဲ ​ထူထူထဲထဲ ​စောင်​အပုံကြီးထဲ ရှိ​နေခြင်းပင်​၊ ​ဘေးက စားပွဲ​ပေါ်မှာ​တော့ အ​ငွေ့တ​ထောင်း​ထောင်းနှင့်​ စွပ်​ပြုတ်​ပန်းကန်​....။

ကိုယ်​​ပေါ် ​ရောက်​​နေတဲ့ ခပ်​ပါးပါးအဖြူ​ရောင်​ဝတ်​စုံ​ကြောင့်​ hae ပြုံးမိသည်​။ ညက အ​ကြောင်း​တွေ ပြန်​မ​တွေးချင်​​ပေမယ့်​ ပူ​နွေးလာတဲ့ မျက်​နှာ​ကြောင့်​ ​ခေါင်းအုံး​ထဲ မျက်​နှာအပ်​ရင်း ​စောင်​ကို ​ခေါင်းထိဆွဲခြုံပစ်​လိုက်​သည်​။ ​တော်​​သေးတာ​ပေါ့ အိပ်​ယာနိုးနိုးချင်း သူနဲ့မျက်​နှာချင်းမဆိုင်​ရလို့.....။

"က​လေး...."

တွေးလို့မှမဆုံး​သေး တလှမ်းချင်း​လျှောက်​လာ​သော ​ခြေသံနှင့်​ ကုတင်​​က တချက်​သိမ့်​ကနဲတုန်​သွားတာ​ကြောင့်​ hae မျက်​လုံးကိုစုံမှိတ်​ကာ ​စောင်​ကို ​​ခေါင်းလုံ​အောင်​ ပိုပြီးတိုးခြုံထားလိုက်​သည်​၊ ဒါကို အလိုက်​ကန်းဆိုးမသိစွာ ကုတင်​​ပေါ် တက်​ထိုင်​ရင်း ပခုံးကိုလှုပ်​နိုး​နေပါ​သော လူကြီး​က က​လေးချင်းထပ်​​အောင်​ ​ခေါ်​နေပြန်​သည်​။

ရှက်​လို့ပါဆိုမှ..။

"ခုထိ မနိုး​သေးတာလား..."

သူ့ဘာသူ တစ်​​ယောက်​ထဲ ​ရေရွတ်​ရင်း ငြိမ်​သွား​တော့ ပြန်​ထွက်​သွားမလားလို့... hae သက်​ပြင်းချမလို့ ကြံရုံရှိ​သေး ​ဘေးက ဝင်​လှဲလာတဲ့သူ...

Shit! Hae စိတ်​ထဲက ကြိမ်​ဆဲမိသည်​။ ​နောက်​​ကျောက ခံစား​နေရ​သော သူ့ရင်​ခွင်​ကျယ်​ကြီးက သူပါ အိပ်​​တော့မည့်​ပုံ...၊ ထို့​နောက်​ ​စောင်​ကိုပါ ဆွဲယူပြီး ​စောင်​ထဲ တိုးလာပြန်​သည်​..၊ ​​သြော်​...ငါ့နှယ်​။

Under The Moonlit Nights [Completed]Where stories live. Discover now