Nine

5.5K 564 30
                                    

"ရှင်​ ဘယ်​သူလဲလို့ ​မေး​နေတာ?!"

ရောက်​လာကတည်းက လူကို ​ခေါင်းစ​ခြေဆုံး ကြည့်​​နေ​သော​ကြောင့်​ ​ဒေါသက ​ပြောစရာလို​အောင်​ ထွက်​လာပြီဖြစ်​သည်​။ ​​တွေ့​တွေ့ချင်း မင်​ဂါအူး လို့ ​အ​ခေါ်ခံရကတည်းက ထိုလူအား hae သိပ်​ကြည်​တာမဟုတ်​။

"Mirang ကိုယ်​သိနဲ့လူတစ်​​ယောက်​နဲ့ မင်းကအရမ်းတူ​နေလို့! ရိုင်းသလိုဖြစ်​သွားရင်​ ​တောင်းပန်​တယ်​​နော်​"

ခက်​ခက်​ထန်​ထန်​ ပြန်​ဆက်​ဆံမယ်​လို့ထင်​ထား​သော်​လည်း အချိုသာဆုံးပြုံးရင်း ​တောင်းပန်​လာတာ​ကြောင့်​ ​ဒေါသထွက်​​နေမိတဲ့ haeပင်​ ​ကြောင်​အမ်းသွားသည်​။ ဟုတ်​တယ်​​လေ ဟိုလူကြီးဆို ခုလို​ပြောကြည့်​ ​ဆောင့်​ပဲတွန်းမလား ဆွဲရမ်းမလား နှစ်​ခုထဲက တခုက အ​သေအချာ...ထားပါ သူ့အ​ကြောင်းမ​တွေးချင်​ဘူး...

"မဟုတ်​ဘူး"

"ဟင်​?"

"ကျမက ရှင်​.. ထင်​တဲ့သူ မဟုတ်​ဘူးလို့"

"​သြော်​... ထင်​မိ​တော့မလို့ လို့​ပြောတာပါ အခု သိသွားပြီ"

ပြုံးပြုံးကြီး အကြည့်​ခံ​နေရတာ​ကြောင့်​ hae တမျိုးကြီးဖြစ်​လာသည်​..ရှက်​တယ်​ပဲဆိုရမလား?

လေတချက်​တိုက်​လိုက်​တိုင်း လွှင့်​သွားတဲ့ သူ့နဖူး​ပေါ်က အနီရင့်​​ရောင်​ဆံနွယ်​​တွေက ခပ်​​ဖွေး​ဖွေး နဖူးပြင်​အား တချက်​ချက်​ လှစ်​ဟာပြ​နေသဖြင့်​ ​နဂို​ချော​မွေ့​သော သူ့မျက်​နှာက ပိုပြီး ချစ်​စရာ​ကောင်း​နေသည်​။ ​ဖောင်း​ဖောင်းအိအိ ပါး​​တွေက ပြုံး​နေသဖြင့်​ မို့မို့​လေးဖြစ်​​နေကာ hae ​တွေ့ဖူးသမျှ vam ထဲမှာ ​ကြောက်​စရာမ​ကောင်းဆုံး​သော vam ဆိုလျှင်​ ပိုမှန်​လိမ့်​မည်​။

အန္တရယ်​​ပေးမည့်​သူလို့ မထင်​တာကတစ်​​ကြောင်း ​မတ်​တပ်​ကြီးလည်း ​ကြောင်​မ​နေချင်​တာ​ကြောင့်​ လက်​ထဲက ဓား​မြှောင်​ကို ခါးတွင်​ထည့်​သိမ်းကာ မြှားများကို ​ကောက်​ယူလိုက်​သည်​။

"ရှင်​ jungkook ဆီ လာတာလား?"

ရဲတိုက်​ဘက်​သို့ပြန်​ရန်​ သူ့ကို ​ကျော်​ကာ​ ​လျှောက်​လာလိုက်​​တော့ သူပါ လိုက်​လာသည်​။

Under The Moonlit Nights [Completed]Where stories live. Discover now