Twenty

4.2K 520 79
                                    

မြူခိုး​တွေ​ဝေ​နေသည်​​ ။

လေးဘက်​​လေးလံဟာ မြူရိပ်​​တွေ​ကြောင့်​ ဘာမှပြတ်​ပြတ်​သားသားမရှိ..။

နေ​ရောင်​မရှိသလို လ​ရောင်​လဲမရှိ​ပေမယ့်​ ဖြူ​ဖျော့​ဖျော့ ​အလင်း​ရောင်​သဲ့သဲ့က ပတ်​ဝန်းကျင်​​ရှေ့တပြန်​စာ​လောက်​​တော့ မြင်​နိုင်​​သေးသည်​​။

ထိပ်​ဖျားကိုမမြင်​ရ​လောက်​​အောင်​ မြင့်​မား​တဲ့ သစ်​ပင်​ ပင်​စည်​လုံး​တွေက ဝန်းရံ​နေ​သေးကာ.ပိုးစုန်းကြူးငယ်​​တချို့လည်း ဟိုဟိုဒီဒီ ပျံသန်း​လို့....။

ဒါ ဘယ်​​နေရာကြီးလဲ...?

လေ​အေးတချက်​ ​ဝှေ့တိုက်​တဲ့အခါ သူမ ​ကျော​တွေထဲထိ စိမ့်​​အေးသွားသည်​။ လက်​နှစ်​ဖက်​ကိုယှက်​ပြီး ကိုယ့်​ကိုကျုံ့မိတဲ့အခါမှ သူမ ဝတ်​ရုံကိုသ​တိထားမိ​တော့ အနက်​​ရောင်​သား​မွှေး​နုနုညံ့ညံ့​လေး​တွေက လည်​ပင်းနဲ့ပခုံး​ပေါ်မှာ ​သေ​သေချာချာချုပ်​ထားခြင်းပင်​။

မြေပြင်​​ပေါ်မှာ ​ပျော့စိစိ ရွံ​စေး​တွေ...နင်းလိုက်​ရင်​ နစ်​ဝင်​ပြီး မြုပ်​သွားမလားမသိ​အောင်​ ​ကြောက်​စရာ​ကောင်းတဲ့ ရွံ့အိုင်​​တွေ...၊ ဒါ​ပေမယ့်​ သူမ ​ခြေ​ထောက်​​တွေက ​မြေပြင်​ရဲ့ထိ​တွေ့မှုကိုမခံစားရပြန်​ဘူး...။

သူမ ​ခြေလှမ်းတချို့ကို စပြီး လှမ်းလိုက်​တယ်​...အံ့သြစရာ​ကောင်းစွာ သူမ​ခြေ​ထောက်​​တွေဟာ ​လေထုထဲမှာပဲ ရပ်​တန့်​​နေပြီး ​မြေပြင်​​နဲ့လွှတ်​​နေပြန်​သည်​....။

အံ့သြထိပ်​လန့်​မှုနှင့်​အတူ သူမ အ​နောက်​ကိုအလန့်​တကြား ဆုတ်​မိ​တော့ ဟန်​ချက်​မညီပဲ လဲကျသွားပြန်​တယ်​၊ သူမ လက်​​ထောက်​မိတဲ့​နေရာမှာ ​ရေဗွက်​အိုင်​က​လေး...။ သူမ ငုံ့ကြည့်​မိတဲ့အခါ....

အားးး!!!!

ထို​ရေအိုင်​ထဲက သူမအရိပ်​ကို ဝိုင်းပြီးဖက်​တွယ်​​နေကြ​သော အမဲ​ရောင်​အရိပ်​​တွေ...တနည်းအားဖြင့်​ ​လေလွင့်​ဝိဥာ​ဉ်​​တွေ။

"Kook ah....ကယ်ပါအုန်း....!!!"

ဝတ်​ရုံကိုမပြီး သူမ ​ပြေးထွက်​ခဲ့သည်​။ အနက်​​ရောင်​ဆံစ​တွေဟာ ​လေနှင်​ရာ လွင့်​ဝဲလို့ မျက်​ရည်​​တွေက ပါးပြင်​တ​လျောက်​ ပူး​နွေးစွာ ကျဆင်း​နေသည်​။

Under The Moonlit Nights [Completed]Where stories live. Discover now