nighteen ( part 1)

4.7K 559 91
                                    

နီညို့ညို့ ​သွေးစက်​​တွေ လည်​​ချောင်းထဲ တရစ်​ရစ်​စီးဆင်း​နေသည့်​ အရသာကို မျက်​လုံးစုံမှိတ်​ခါ ခံစား​နေရင်းမှ....

*ဒုန်း* 💥

အောက်​ထပ်​ ရဲတိုက်​ရဲ့တံခါးမကြီးဆီမှ ကျိုးပဲ့ပျက်​စီးသံတချို့​ကြောင့်​ ယွန်းဂီ မျက်​လုံးတို့ ဖွင့်​လိုက်​သည်​​။

ဖန်​ခွက်​ကို စားပွဲ​ပေါ် အသာအယာချရင်း နှုတ်​ခမ်းဖျားတွင်​ စွန်းထင်​​နေ​သော ​သွေးစက်​တချို့ကို သုတ်​ပြီးချိန်​၌..

လျင်​မြန်​​သောအရှိန်​တခု၏ ​လေပြင်းတချက်​နဲ့အတူ ယွန်းဂီတစ်​​ယောက်​ လည်​ပင်းဝတ်​ရုံစဆီမှ ဆွဲ​မြှောက်​ခံလိုက်​ရသည်​။

မျက်​နှာချင်းဆိုင်​​နေရသည်​က ​ဒေါသ​​တွေမပါ မျက်​ရည်​စ​တွေနဲ့ နာကျင်​​မောဟိုက်​​နေ​သော မျက်​ဝန်းတစုံ...။

"Hyung...."

တိုးလျစွာ ရှိုက်​ငင်​​သွားသည်​မှာ ​စိတ်​​ရောကိုယ်​ပါ နာကျင်​ပင်​ပန်း​နေမှန်း ယွန်းဂီ ထိုမျက်​လုံးများမှတဆင့်​ မြင်​​နေရသည်​။

"ငါ ​ပြောခဲ့တယ်​မလား...
တချိန်​ကျရင်​ သူ မင်းကိုထားခဲ့မှာပဲလို့!"

"မဟုတ်​ဘူး!!!! Hyung ညာ​နေတာ...."

ကြမ်းပြင်​​ပေါ် ဒူး​ထောက်​ကာ မျက်​ရည်​တို့စီးကျ​နေ​သော ညီငယ်​ကို ယွန်းဂီ တကယ်​ပဲ သနားမိသည်​။ တကယ်​တမ်း...ဒီ​လိုမျိုးကို သူရည်​ရွယ်​ပြီးလုပ်​ခဲ့သည်​မဟုတ်​....။

"ဂျုံးကုကီ...မင်း hyung ကို အထင်​လွဲ​နေတယ်​...
ငါ သူ့ကို ​တွေ့ခဲ့တာ မှန်​​ပေမယ့်​ သူ ထွက်​သွားတာ သူ့သ​ဘောနဲ့သူပါ.."

"Hyung နဲ့မဆိုင်​ဘူးဆိုရင်​...ဘာလို့ jihoon ကပါ ​ပျောက်​​နေရတာလဲ?! မညာပါနဲ့hyung...ကျ​နော်​​တောင်းပန်​ပါတယ်​...hae​လေးကို jihoonနဲ့ဘယ်​ကိုပို့ပစ်​လိုက်​တာလဲ ​ပြောပြ...."

"ဘာ....!"

ယွန်းဂီ..ဂျုံးကု​ပြောတာ​တွေကို ဘာမှလိုက်​မမှီ​တော့...။ jihoon က ​ပျောက်​​နေသည်​တဲ့လား....၊ ပြန်​လာသင့်​ချိန်​ရိုးရိုး​နောက်​ကျ​နေတယ်​ပဲ ထင်​မိတာကို ယွန်းဂီ ကိုယ့်​ကိုယ်​ကို စိတ်​တိုသွားသည်​။

Under The Moonlit Nights [Completed]Where stories live. Discover now