Eight

5.6K 558 62
                                    

သဘာဝ လ​ရောင်​၏ ​အပြာ​ရောင်​အလင်းတန်းသည်​ ပြတင်း​ပေါက်​မှတဆင့်​ ​ရေမျက်​နှာပြင်​မှ ​အ​ရောင်​ပြန်​ကာ သူ့​မေးရိုးနှင့်​ လည်​တိုင်​တဝိုက်​တွင်​ ​ငွေ​ရောင်​လှိုင်း​ပုံရိပ်​များ ထင်​ဟပ်​​နေသည်​။

ကြည်​လင်​​သော ​ရေမျက်​နှာပြင်​သည်​ သူဝင်​ထိုင်​လိုက်​ချင်း ​သွေး​ရောင်​လွှမ်းကာ ဒဏ်​ရာနှင့်​ ​ရေတို့ ထိပြန်​​တော့ စပ်​ဖျင်းဖျင်းအရသာက ပခုံးနှင့်​ ဗိုက်​သားတစ်​ဝိုက်​တွင်​ သိသိသာသာ...။

တိတ်​ဆိတ်​​သော အခန်းမို့ ​​​ တစက်​ချင်းကျ​နေ​သော ​ရေ​ပေါက်​ အသံကလွဲရင်​ ​ခြောက်​ကပ်​ကပ်​...

သို့​သော်​...သာမန်​ထက်​ပို အကြားအာရုံထူးကဲသည့်​ သူ့အတွက်​ ​အောက်​ထပ်​က တ​ရွေ့​ရွေ့လှုပ်​ရှား​နေ​သော ​ခြေသံ​လေးကို ကြား​နေရသည်​က ကြာလကြာရှည်​စွာ ငြိမ်​သက်​​နေခဲ့​သော ဘယ်​ဘက်​ရင်​အုံအား ဒုက္ခ​ပေး​နေပြန်​သည်​...

*ဒီ ​ကောင်​မ​လေး ဘာ​တွေလုပ်​​နေပြန်​တာလဲ?*

သူမအ​ကြောင်း ​ခေါင်းထဲ​ရောက်​လာတိုင်း အလိုအ​လျောက်​ မျက်​ခုံးတို့ တွန့်​ချိုးမိသည်​.....ဘာလုပ်​လုပ်​ မိန်းက​လေးမတန်​မဲ့ အမူအရာ အသွားအလာတိုင်းက နူးညံ့မှူမရှိ...အထူးသဖြင့်​ စကားလုံးဝ နားမ​ထောင်​တတ်​​သောအကျင့်​..။

ခုနကတုန်းက သူမကို မြင်​မြင်​လိုက်​ချင်း ​ပူ​လောင်​သွားတဲ့ အခိုက်​အတန့်ကြီးကို ​မေ့ရရင်​ ​မေ့ပစ်​လိုက်​ချင်​သည်​...ဒီ​လောက်​ အန္တရယ်​များထဲ အ​ခြေအ​နေထဲ မပါ​စေချင်​လို့ ​မြေ​အောက်​ခန်းထိ သွားပို့ထားတာကို ပြန်​​တက်​လာတာပဲ ကြည့်​....wolf တ​ကောင်​ကို သတ်​သွားလိုက်​​တာများ အလွယ်​က​လေး.....ဘာပဲ​ပြော​ပြော ဒီ​ကောင်​မ​လေး သတ်​မယ်​ဆိုရင်​ ကိုယ်​​သေနိုင်​မယ်​ ထင်​သည်​..

*ဟက်​*

တ​ယောက်​ထဲ ​တွေးရင်း ပြုံးလိုက်​ မဲ့လိုက်​နဲ့ ကျ​နော့်​အဖြစ်​က နဲနဲ​တော့ ရီစရာ​ကောင်းသား​...။

ပေါက်​ပြဲ​နေ​သော ဒဏ်​ရာများကို ကြည့်​လိုက်​​တော့ ခုထိ ပြန်​မကျက်​​သေး...ဟူး...အားနည်း​နေလို့ဖြစ်​မည်​...ဖြစ်​ဆို ​သွေးမ​သောက်​ပဲ ​ပေကပ်​​နေခဲ့တာ ဘယ်​နှနှစ်​ပါလိမ့်​...ဒါ​တောင်​ ဟို​က​လေးမ ​သွေးနဲ့မို့ ဒီ​လောက်​ထိ သက်​သာ​နေခြင်းဖြစ်​သည်​။

Under The Moonlit Nights [Completed]Where stories live. Discover now