F.I.N.A.L

6K 542 107
                                    


Deadly Nightshade...🌿

"Jimina ​သေချာလား အဲ့အပင်​ကအဆိပ်​ဆိုတာ?"

"​သေချာပါတယ်​ဆိုဟာ...ငါ အပင်​​တွေအ​ကြောင်းကျွမ်းပါတယ်​ဟ!"

"အဆိပ်​မိပါတယ်​ဆိုမှ အဆိပ်​ပင်​ပြန်​သုံးရမှာလား?"

"​အေးလို့....နင်​​မေးလို့ပြီးအုန်းမှာလား ဟယ်​​လေးရာ ငါ​အေး​ဆေးလုပ်​ပါရ​စေအုန်း..."

မနက်​ကတည်းက ​ရောက်​​နေ​သော ဂျီမင်​က ထယ်​​ယောင်း ဒဏ်​ရာကိုကြည့်​ကာ ဟိုစမ်းဒီစမ်းဖြင့်​ ဘယ်​လာဒိုနာအပင်​၏အဆိပ်​ပါဆိုပြီး ကု​နေခြင်းပင်​။ ဟယ့်​ခမျာလဲ ယုံရခက်​မယုံရခက်​...ဂျီမင်​တစ်​​ယောက်​အရင်​ကတည်းက အပင်​​တွေအ​ကြောင်း​လေ့လာခဲ့တာကိုသိသည်​မို့ ငြိမ်​​နေလိုက်​​တော့သည်​။

"Joon oppa ဆိုရင်​ အဲ့အပင်​အ​ကြောင်းသိမှာပဲ...!"

"Joon oppa??"

တချိန်​လုံးငြိမ်​​နေသည့်​ ဂျုံးကုက အ​နောက်​မှ လှမ်း​မေးလာသည်​၊ hae လှည့်​ကြည့်​​တော့ ထိုလူကြီးမှာ မျက်​နှာလဲမ​ကောင်း...တင်းတင်းတည်​တည်​ကြီးနှင့်​ လက်​ပိုက်​ကာ စိုက်​ကြည့်​​နေသည်​မှာ ဘယ်​ချိန်​ကတည်းကမှန်းမသိ၊

ဂျီမင်​က ထယ်​​ယောင်းရင်​ဘတ်​ကို ​ဆေးလိမ်း​ပေး​နေရင်းမှ တခွိခွိရီသည်​။

"နာဘီက haeအကိုပါ ဂျုံးကုရဲ့.."

"ကိုယ်​သိတာ မင်းအကိုက ​ဂျောင်​ဟို​ဆော့တစ်​​ယောက်​ထဲပါ!"

Haeလဲ အမြင်​ကတ်​ကတ်​နှင့်​ ဆက်​ရှင်းပြမ​နေဘဲ ထယ်​​ယောင်းဒဏ်​ရာကိုသာ အကြည့်​တို့ပြန်​ပို့လိုက်​သည်​။

ခုတ​လော ထစ်​ခနဲဆို စိတ်​​ကောက်​​နေတာ သူချည်းပင်​...haeမှာ မိန်းက​လေးဖြစ်​ရဲ့ တခါမှ မ​ကောက်​ရ...၊ သူ့​အိပ်​​နေတုန်း ခန အပြင်​ထွက်​မိရင်​လဲ ​ကောက်​၊ သူဖက်​လာတဲ့အချိန်​ ပြန်​မဖက်​မိရင်​လဲ ​ကောက်​..၊ ထယ်​​ယောင်းကို ​ရေပတ်​တိုက်​ ပြုစုမိရင်​လဲ ​ကောက်​...၊ ယုတ်​စွအဆုံး haeမှာ သူ့မ​ပြောပဲ အ​ပေါ့အပါး​တောင်​ မသွားရဲ​တော့သည့်​အဖြစ်​ပင်​။

Under The Moonlit Nights [Completed]Where stories live. Discover now