Fourteen (part 1)

5.4K 571 74
                                    

"ဒီည ရှင်​နဲ့အိပ်​လို့ရလား?"

သူ့နားနဲ့ ပီပီသသ ကြားလိုက်​ရတဲ့ စကားကို သူကိုယ်​တိုင်​​တောင်​မယုံချင်​။

ဒီ​ကောင်​မ​လေး တကယ်​ပဲ ဘာဖြစ်​​နေတာလား။

"ဘာ​ပြောတယ်​"

"ဒီတိုင်း...​ဘေးကခုံမှာအိပ်​မယ်​​လေ၊ ရှင့်​ကိုဘာမှမလုပ်​ပါဘူး အဲ့​လောက်​လဲ ပြူးပြဲမ​နေပါနဲ့"

နှုတ်​ခမ်းကို​ထော်​ကာ ရန်​​တွေ့လာသည့်​ က​လေးမကို ဂျုံးဂု ဘယ်​လိုနားလည်​ရမှန်းမသိ​တော့။ အရင်​ရက်​​တွေက သူ့ကို အမြဲ​ရှောင်​​နေတာ သူမ မဟုတ်​တဲ့အတိုင်းပင်​။

"မင်း..ငါ့ကိုဘာမှမလုပ်​မှာ​သေချာလား?"

"အံ့သြဘ!"

စိတ်​ပျက်​သွားတဲ့မျက်​နှာ​ဘေး​လေးကို မရီဘဲမ​နေနိုင်​​တော့ သူမ မသိခင်​ တဖက်​လှည့်​ကာ ဂျုံးဂု ပြုံးမိသည်​။ မထူးလဲ သူမအိပ်​​နေတဲ့အချိန်​တိုင်း သူမမျက်​နှာ​လေး သွား​ငေး​နေကြဖြစ်​သဖြင့်​ အခု သူမ​ရောက်​လာ​တော့ အရင်​လိုစိတ်​ပူ​နေစရာမလို​တော့ဘူး​ပေါ့။

"ဝင်​လာခဲ့!"

ဂျုံးဂု တံခါးဖွင့်​​ပေးလိုက်​သည်​နှင့်​ ​ပြောစရာမလို​အောင်​ ဝင်​ချသွား​သော က​လေးမမှာ သူ မ​ရောက်​ခင်​ပင်​ ကုတင်​​ဘေးက ခုံတန်းရှည်​၌ တဖက်​လှည့်​ကာ အိပ်​​နေပြီဖြစ်​သည်​။

အရင်​​နေ့​တွေလိုမဟုတ်ပါဘဲ ဒီ​နေ့မှ သူပြန်​​ရောက်​က​တည်းက အ​နောက်​က တ​ကောက်​​ကောက်​လိုက်​​နေကာ မျက်​နှာလဲသိပ်​မ​ကောင်းသဖြင့်​ ပုံမှန်​မဟုတ်​တာ​တော့ ​သေချာ​နေသည်​။

သူမကို​ငေးရင်းပင်​ ကုတင်​​ပေါ်လက်​​ထောက်​ကာ ထိုင်​လိုက်​မိ​တော့ လက်​ဖျံဆီက စူးကနဲ။

"အ!"

လွှတ်​ခနဲထွက်​သွားမိ​သော အသံ​ကြောင့်​ သူမများ ကြားသွားလားဟု ကြည့်​လိုက်​​​သော်​လည်း hae​လေးမှာ တုပ်​တုပ်​​တောင်​မလှုပ်​​ပေ၊ တဖက်​လှည့်​​နေ​သော​ကြောင့်​ နိုး​နေလား တကယ်​ပဲချက်​ချင်းအိပ်​သွားသလား​တောင်​မသိရ။

Under The Moonlit Nights [Completed]Where stories live. Discover now