Twenty One

4.3K 531 83
                                    

အမြဲတမ်း မိုးနဲ့မပြတ်​တဲ့ ​ယောင်​အန်းနယ်​က​တော့ ထုံးစံမပျက်​ စိုစိစိုဖတ်​နှင့်​ပင်​...။

တ​ဗြောက်​​ဗြောက်​ကျ​နေတဲ့ မိုးစက်​​တွေက နဂိုကတည်းက မညီညာ​တဲ့ ​မြေလမ်း​တွေကို ပိုဆိုး​စေသည်​...

"Hae ​ချော်​လဲမယ်​ ​ဒီဘက်​ကလာ..."

ထယ်​လှမ်း​ပေးတဲ့ လက်​ကိုကိုင်​ရင်း ရွံ​မြေ​တွေ​ပေါ် ​လျှောက်​​နေ​ပေမယ့်​ hae ​စိတ်​နဲ့လူနဲ့ကပ်​သည်​​တော့မဟုတ်​၊

နာဘီကိုပြန်​ရမယ်​တဲ့...အခုပြန်​​နေပြီတဲ့...

Mo ခိုး​ကြောင်​ခိုးဝှက်​ ​ခေါ်ထုတ်​လာတဲ့ ​တောလမ်း​လေးထဲမှာ သူမတို့​ရောက်​​နေကြခြင်းပင်​..။

လူက ​နေမ​ကောင်းကာ အားမရှိလို့ ​မောပန်း​နေရတာထက်​ ​ဘာ​မျှော်​လင့်​ချက်​ ဘာအနာဂတ်​မှမရှိ​တော့သလို ခံစား​နေရတဲ့ haeရင်​ထဲ ပို​မောရသည်​။ မျက်​နှာမ​ကောင်းမှန်းသိတာ​ကြောင့်​ ထယ်​က ခါးကိုထိန်း​ပေးရင်း တကြည့်​ကြည့်​နှင့်​..၊ ​hae​ကြောင့်​ပင်​ ဖြည်းဖြည်းချင်း​သွား​နေရတာမို့ ခရီးက သိပ်​မတွင်​ချင်​...

"wonho ပြန်​မလာခင်​ ဟိုဘက်​နယ်​စည်း​ရောက်​​အောင်​သွားမှဖြစ်​မှာ hae​လေး..​မော​နေပြီလား?"

"မ​မောပါဘူး မြန်​မြန်​သွားကြမယ်​​လေ.."

ညက ​မှောင်​ရတဲ့အထဲ မိုးရွာ​နေတာမို့ လ​ရောင်​အကူအညီလဲမရကာ...​​တောကြီးက ပိုအကျည်းတန်​​နေသ​ယောင်​...၊ ​အ​ရှေ့က​နေ လမ်းရှင်းရင်း ချွေးစ​တွေသီး​နေတဲ့ ထယ့်​မျက်​နှာ​လေးကိုကြည့်​ရင်း hae နာကျင်​ရသည်​၊ တကယ်​ဆို....အမှား​တွေအကုန်​လုံးရဲ့ အစဟာ သူမ ပါ​လေ....ဘာမှမဆိုင်​တဲ့ ထယ့်​မှာ ဒဏ်​ရာဗရပွနှင့်​ စိတ်​​ရောလူ​ရော ပင်​ပန်းရရှာသည်​။

"Mo..မင်း parkထဲမှာ မရှိရင်​ ပြသနာဖြစ်​​နေအုန်းမယ်
ကိုယ်​တို့ကို နယ်​စည်းနားထိပဲ လိုက်​ပို့​တော့..."

"လာပါ...moက ​အေး​​ဆေး...လမ်းမှာ တခြားwolf​တွေနဲ့​တွေ့​နေမှာစိုးလို့..​တွေ့လာရင်​ moလဲမနိုင်​နိုင်​ပေမယ့်​ ​ရှောင်​ဖို့​တော့ကူညီ​ပေးမှာ​ပေါ့..."

Under The Moonlit Nights [Completed]Where stories live. Discover now