seventeen

5.9K 536 92
                                    

"ဂျုံးဂု...ကျမ.."

"သွားမယ်​!!"

ဆွဲ​ခေါ်လာတဲ့ သူ့လက်​​တွေကို ရုန်း​​နေ​ပေမယ့်​ အရာမထင်​၊ ​ဒေါသ​ဖြင့်​ ကြမ်းတမ်းစွာ ဆွဲ​ခေါ်လာတာ​ကြောင့်​ hae လက်​​မောင်းပင်​ ​အောင့်​​နေကာ သူ့​ခြေလှမ်း​တွေ အရမ်းမြန်​လွန်းလို့ လိုက်​လို့​တောင်​မမှီ။

"ခန...ကျမ ထယ်​​ယောင်းကို ​​တွေ့လိုက်​တယ်​၊ သူက ဘာလို့ wolf​တွေနဲ့အတူရှိ​နေရတာလဲ ကျမ သိချင်​တယ်​.."

"အဲ့ဒီ​တော့!!!!"

ဆောင့်​​အော်​ကာ ရပ်​ပစ်​လိုက်​တဲ့ ​ခြေလှမ်း​တွေ​ကြောင့်​ hae သူ့ကို အံ့သြတကြီး​မော့ကြည့်​မိသည်​။ တကယ်​ပဲ သူ ဒီ​လောက်​ထိ ​ဒေါသထွက်​စရာလိုရဲ့လား။

"အဲ့ဒီ​တော့ မင်းက ဘာလုပ်​ချင်​တာလဲ? ဘာလဲ သူရဲ​ကောင်းကြီးလုပ်​ပြီး အုပ်​စုအတွင်းထဲထိ မင်းက ဝင်​ကယ်​ဖို့ ​ယောင်​အန်းက​နေ​တောင်​ ထွက်​လာရဲတာ​ပေါ့ ​ဟုတ်​လား??"

မင်း..တဲ့။ hae သူ့ကို ​ငေးကြည့်​​နေမိဆဲ။ စူးရဲစွာ တင်းမာ​နေတဲ့ သူ့မျက်​နှာဟာ စစ​တွေ့ချင်းက သူ့မကို ခြိမ်း​ခြောက်​ဖူးသည့်​ မျက်​နှာထားမျိုးဖြစ်​သည်​။

"မဟုတ်​ဘူး..."

"​ပြောစရာစကားကမရှိရင်​လဲ ပါးစပ်​ကိုပိတ်ထားလိုက်​​တော့! အဲ့​ကောင်​အ​ကြောင်းထပ်​​ပြောရင်​ မင်းကို ငါသတ်​မိ​တော့မယ်​!!!"

သူ့စကား​တွေက ဘယ်​​ရောက်​​နေမှန်း သူသိပါ့ရဲ့လား။ Hae အံ့သြမှုနဲ့အတူ ရင်​ထဲနာကျင်​လွန်းလို့ တကယ်​ပဲ ဆွံအ​နေမိသည်​။ ဆွဲ​ခေါ်လာတဲ့ သူ့​နောက်​ အသံတိတ်​ကာ လိုက်​လာခဲ့ရင်း မျက်​ရည်​တို့က အ​ကြောင်းအရင်းမရှိ စီးဆင်း​နေဆဲ... သူနဲ့ပတ်​သတ်​သမျှ ခံစားလွယ်​တတ်​တဲ့ ကိုယ့်​ကိုယ်​ကိုပဲ hae မုန်းမိပါသည်​။

~~~~~

"အ!"

အခန်းထဲ ​ရောက်​မှ လွှတ်​​ပေးတဲ့ လက်​​ကောက်​ဝတ်​​နေရာဟာ ​သူ့လက်​အရာအတိုင်း ရဲရဲနီလျက်​။ သိသိရက်​နဲ့ လစ်​လျူရှုသွားတဲ့ သူ့မျက်​ဝန်း​တွေက တကယ်​ပဲ ​အေးစက်​လွန်း​နေသည်​။

Under The Moonlit Nights [Completed]Where stories live. Discover now