Thirteen

5.3K 563 52
                                    

မိုး​တွေရွာ​နေပြန်​ပါပြီ။

တ​တောက်​​တောက်​ ကျ​နေတဲ့ မိုးစက်​မိုး​ပေါက်​အသံ​တွေကလွဲရင်​ ဒီရဲတိုက်​ကြီးက အမြဲလိုလို တိတ်​ဆိတ်​​နေဆဲ။

အ​ပေါ်ဆုံးထပ်​က​နေ ကြည့်​လိုက်​ရင်​ ​လေးဘက်​​လေးလံက လိုတာထက်​ပို စိမ်းလန်း​နေတဲ့ ​တောအုပ်​​တွေ၊ တစ်​ရက်​ခြား​လောက်​ ရွာ​နေတတ်​တဲ့ မိုး​ကြောင့်​လဲ ပါမည်​။

နေ့ခင်းဖြစ်​​စေ ညဘက်​ဖြစ်​​စေ အမြဲတမ်း မီးအိမ်​​တွေ ထွန်းထားရ​အောင်​ ​မှောင်​မိုက်​​နေတဲ့ ရဲတိုက်​ကြီး၊ ပတ်​ပတ်​လည်​ကလဲ အန္တရယ်​များလွန်းတဲ့ ​တော​တွေမို့ သာမန်​လူတစ်​​ယောက်​ဆို ဘယ်​လိုမှ ​နေ​ပျော်​မှာမဟုတ်​။

ဒါဆို သူမ​ရော ​ပျော်​လို့လား?

ဟင့်​အင်း၊ မ​ပျော်​ဘူး....နာကျင်စရာ​တွေ တ​ပွေ့တပိုက်​နဲ့ အထီးကျန်​တယ်​။

လွမ်းတယ်​ အိမ်​ကိုလွမ်းတယ်​...ထယ်​​ယောင်းကိုလွမ်းတယ်​။

Joon oppa နဲ့ Jin oppa ကိုလွမ်းတယ်​။

သူမရဲ့ နာဘီမြို့​လေးကိုလွမ်းတယ်​။

ပြီး​တော့.......

မနက်​ကတည်းက သူမကို ရဲတိုက်​ကတစ်​ဖဝါးမှမခွာဖို့​ အမိန့်​​ပေးပြီး ဘယ်​ထွက်​သွားမှန်းမသိတဲ့

jungkook ဆိုတဲ့လူကြီးကို ပိုလွမ်းတယ်​.....။

~~~~~

တံစက်​မြိတ်​ဆီက အတန်းလိုက်​ကျ​နေတဲ့ မိုး​ရေ​တွေကို လက်​နဲ့ခံပြီး ​ဆော့​နေရ​တော့ စိတ်​ညစ်​စရာ​တွေက ​မေ့​မေ့​ပျောက်​​ပျောက်​ပင်​။

ဂျုံးဂုကိုယ်​တိုင်​ခြုံ​ပေးသွားတဲ့ သူမ ကိုယ်​​ပေါ်က ခပ်​ကြီးကြီး အနက်​​ရောင်​ဝတ်​ရုံကြီးထဲမှာ လူ​လေးက ​သေးလွန်းလို့ အ​​ဝေးကကြည့်ရင် ​​နီ​ကြောင်​​ကြောင်​ဆံပင်​​တွေကပဲ ထင်း​နေမှာ​သေချာသည်​။

အရင်​ကလို မခက်​ထန်​​တော့ဘဲ နူးညံလာတဲ့ သူ့အပြုအမူ​တွေ​ကြောင့်​ ကျွန်​တစ်​​ယောက်​ဆိုတာကိုပင်​ hae ​မေ့​နေမိသလို၊ တကယ်​လဲ ကျွန်​တစ်​​ယောက်​လို အနှိမ်​ခံ​နေရသည်​လည်းမဟုတ်​၊ ​ရောက်​ကတည်းက hae ​နေချင်​သလို​နေခဲ့တာ ဖြစ်​သည်​။

Under The Moonlit Nights [Completed]Where stories live. Discover now