Zawgyi
"မော..မေ"
"မော Sehunnie.."
"ကိုကိုနိုးပြီလား.."
"မထသေးဘူးသားရေ..ညကညည့်နက်တယ်ထင်တယ်။ အခုတလော ညနက်မှချည်းအိပ်ရာဝင်တယ်။ "
"ကျွန်တော်တက်သွားမယ် မေ"
ချက်ချထားလေ့မရှိသော အခန်းတံခါးကို ခေါက်မနေတော့ပဲ ချက်ချင်းတွန်းဖွင့်ဝင်လိုက်သည်။ စောင်တခြားလူတခြားနဲ့ ကိုကိုက ကုတင်ပေါ်မှာ ကားယား။ နဖူးပေါ် ငုံ့နမ်းလိုက်ကာ ကိုကိုနှင့်အတူ မနက်ခင်းဓာတ်ပုံတစ်ပုံ။ ချစ်စရာကောင်းအောင်အိပ်နေသော ကိုကိုကတော့ သူခိုးယူနေကျအရာတွေကို ဘယ်တော့မှမသိ။
လည်ပင်းအောက် လက်လျှိုလိုက်ပြီး ဒူးအောက်ကဆွဲမကာ ပွေ့ချီလိုက်သည်။ တအင်းအင်းတအဲအဲနှင့်သူ့ရင်ဘတ်ကအင်္ကျီကိုဆွဲဆုပ်ထားပြီး ခေါင်းကပါတိုးဝှေ့ လာသည်။"မျက်နှာသစ်ရအောင်ကိုကို.."
"အမ်...Hunnie.. ကိုကိုငါးမိနစ်လောက်ပဲလေနော်။ အိပ်ရေးမဝသေးဘူး"
"ငါးမိနစ်နဲ့လဲအိပ်ရေးဝမှာမှမဟုတ်တာ။ မထချင်သေးဘူးမလား။ ထချင်အောင်လုပ်ပေးမယ်။"
စဝင်ကတည်းက ပစ်မှားခဲ့သော ပါးမို့မို့ကို ရင်ဘတ်နှင့်ဖိကပ်ကာ အားရပါးရမွေးကြူပစ်လိုက်သည်။ ပါးစောင်တစ်ခုလုံးကိုနှုတ်ခမ်းနဲ့ငုံထွေးပြီးဖိကျိတ်လိုက်တော့ ရင်ခွင်ထဲက လူးလူးလွန့် လွန့်ဖြစ်လာကာ..
"Yah..Oh Sehunnie"
မျက်စိရှေ့ကရင်ဘတ်ကြီးကို တအုန်းအုန်းပစ်ထုကာ ရင်ခွင်ထဲက ခုန်ဆင်းပြီးရေချိုးခန်းထဲပြေးဝင်ရသည်။ ညစ်ကျယ်ကျယ်ရယ်သံကြီးကို ရေချိုးခန်းထဲအထိ ကြားနေရလျက်....
"ကျက်သတုံးကောင် ><"
.............
"Americano နှစ်ခွက် နာနတ်သီးကိတ် တစ်လုံး။ Ok လား Sehunnie"
ခပ်ပြုံးပြုံးပြောရင်း ကော်ဖီနှစ်ခွက်နဲ့ ကိတ်မုန့် ပန်းကန်ကိုလာချပေးသော Yixing hyung။
ပြန်ပြုံးပြလိုက်ပြီး မှတ်စုစာအုပ်တစ်အုပ်နဲ့အလုပ်ရှုပ်နေသော ကိုကို့ရှေ့ ကော်ဖီခွက်ကိုတိုးပေးလိုက်သည်။
YOU ARE READING
Shuu!(COMPLETED)