Zawgyi
လက်မောင်းတစ်ဖက်ကိုကိုင်ပြီးခပ်ကြမ်းကြမ်း အကြောထဲ ထိုးသွင်းခံလိုက်ရသည့် အပ်ဖျား။ တစိမ့်စိမ့်တိုးဝင်သွားသော စိမ်းရွှေရောင် ဆေးရည်တွေ။
ဘာတွေလဲ...ဘယ်သူတွေလဲ.....
ပြန့်ကျဲနေသော အာရုံတွေကိုအတင်းအကြပ်စုစည်းနေဆဲ....မျက်စိရှေ့ရောက်လာသော...ဖိနပ်တစ်စုံ။
"နာလားဟင်....."
ဂျီ...ယောင်း......
"ကျွန်မလေ....ဂျီယောင်း.......မှတ်မိလားဟင်...ဟက်"
ခပ်နွဲ့နွဲ့ရယ်မောနေသော ထိုမိန်းမကိုသေတဲ့အထိ ရိုက်သတ်ပစ်ချင်မိသည်။
"ကိုကိုရော...."
"ကိုကို?...ဘယ်က....အော်........ကားပေါ်ကနေ ကန်ချထားခဲ့တယ်။
"မင်း...."
လှုပ်ခတ်သွားသော သူ့လက်မောင်းတွေကို ဖိချထားကာ
"မလှုပ်နဲလေ....ဒီအချိန်လှုပ်ရင် သေသွားလိမ့်မယ်။ ကျွန်မက ရှင့်ကိုအသေလိုချင်တာမှ မဟုတ်တာ။"
"ဒါဘာတွေလဲ....."
"ဒါလား..အာရုံကြောတွေသေတဲ့ ဆေး။ ရှင့်ကိုသနားညာတာသောအားဖြင့်ထိုးပေးထားတာ။ ခဏနေ ဖြတ်တောက်တာလေးတွေလုပ်မှာမို့..."
မီးရောင်မှိန်မှိန်အခန်းထဲ ပိုးသတ်ဆေးနံ့တို့လွှမ်းသွားသည်။
"Shuu!"
"မြန်မြန်မောင်းပေးပါ။ "
ကိုယ်တွေကသူငယ်ချင်း၏ ဟန်းနီးမွန်းကို လိုက်လာခဲ့တာက ချက်ချင်းထဖြစ်သွားသောပွဲကို မကျေမနပ်ဖြစ်လို့အနှောင့်အယှက်ပေးဖို့။ အခုတော့........
"မင်းခေါင်းက သွေးတွေ သုတ်စမ်း။ ရှာမတွေ့ခင်မင်းအရင်သေလိမ့်မယ်။"
နောက်ခန်းကနေ Chen ပစ်ပေးလိုက်သော တဘက်ကိုကောက်ကိုင်ပြီး ပါးကိုဖိပွတ်နေတာ သွေးရူးသွေးတန်း။
လမ်းမအလယ်ခေါင်မှာ သွေးသံရဲရဲနဲ့လူးလှိမ့်နေခဲ့သော Luhan ရဲ့ ပုံရိပ်က သွေးပျက်စရာ။
"ခေါင်းမှာဟ "
"ဟင်
...အင်း...."ဒီနယ်ဟာ သူတို့ကျောင်းသားဘဝက ရင်းနှီးပြီးသားမို့ အချိန်တွေကြာပေမဲ့ ဘာမှ ထူးထူးခြားခြားပြောင်းလဲမသွားသော ပတ်ဝန်းကျင်ကြောင့် ဘယ်နေရာ ဘာရှိလောက်တယ်ဆိုတာ Yifan က အတပ်သိ၏။
YOU ARE READING
Shuu!(COMPLETED)