8

10.2K 1K 186
                                    

Zawgyi



"ဘယ်မှာလဲ အိမ်ပေါ်က ဆင်းသွားတယ်ဆိုတဲ့ကောင်"

"Han Hyung..စိတ်ထိန်း စိတ်ထိန်း..."

"ဒင်းကိုငါက မယူဘူးလို့ ငြင်းလိုက်တာလဲ မဟုတ်သေးဘူး။ ဘွဲ့လေးရတဲ့အထိစောင့်ပါဆိုတာကို ဒီလောက်ထိ တောင်မစောင့်နိုင်ရအောင် ငါက ဘယ်လင်ကိုသွားယူမယ်လို့ပြောလိုက်လို့လဲ။"

ဆေးရုံက ဆင်းလာပြီး အတူမနေသေးဘူး ငြင်းလိုက်လို့ အရက်ဆိုင်သွားသတဲ့။ ဒီက မယူနိုင်သေးဘူး ပြောလိုက်တာလဲ မဟုတ်။ အရင်စိတ်မျိုးဆို ငြင်းချင်သေးပေမဲ့ Sehun ပြောသလို တစ်ခုခုဖြစ်သွားရင်ဆိုသော အတွေးတွေက ညီအစ်ကိုအချစ်ထက် ကျော်သလား Luhan မပြောတတ်။ သဝန်တိုတာတွေ ဘာတွေနဲ့ ကလေးဆန်ဆန် ဆုံးဖြတ်ချက်မျိုးများနဲ့ အချစ်လား မေတ္တာလားလဲ မဆန်းစစ်ချင်တော့။ သူ့ကို Sehunnie ကချစ်သည်။ သူကလဲ Sehunnie ကိုချစ်သည်။ ဒါဆိုပြီးပြီပဲ မဟုတ်လား။ ထပ်တိုးပြီးစဉ်းစားရမှာမျိုးကိုသူမုန်းပါသည်။ ချစ်ခြင်းကင်းသော မေတ္တာနဲ့ပဲ မြတ်နိုးလို့မရနိုင်ဘူးတဲ့လား။

တရှူးရှူးဖြစ်နေသော Luhan Hyung ကိုကြည့်ကာ Kai ခွက်ထိုးခွက်လှန်ရယ်ချင်လာသည်။ ဆေးထိုးပြီးပို့ပေးလိုက်သော ဓာတ်ပုံတွေကြောင့် နာရီပိုင်းတောင်မကြာလိုက် ချက်ချင်း club သို့ရောက်ချလာသည်။

"ကျွန်တော်အပြင်မှာပဲစောင့်မယ်နော်"

ငါ့လက်က ကျွတ် ဗြွတ်!

နီနီရဲရဲ ကိုယ်ကျပ်ဝတ်စုံနဲ့မိန်းကလေးကိုကြည့်ကာ Luhan နှုတ်ခမ်းတွေ တင်းတင်းစေ့ပိတ်သွားသည်။ စားပွဲပေါ် ခေါင်းမှောက်ပြီး ပုလင်းထောင်နေသော ကျက်သရေတုံးကောင်။

"မသေသေးရင် ထစမ်း ><"

"ဖုန်း"

"အ...ဘယ်ကောင်လဲ ကွ..နာဒယ်"

"ဖုန်း..ဖုန်း...ထစမ်း...အရက်သမား"

ကျောပြင်ကြီးကိုတဗုန်းဗုန်းထုကာ အတင်းလှုပ်နှိုးနေတော့ ဘေးကကောင်မလေးက သဘောမကျဟန် နှုတ်ခမ်း ခပ်စူစူ။

"ဒီက အစ်ကို...."

"မင်းသွားလိုက်တော့.."

"သူက ကျွန်မကိုငှါးထားတာ"

Shuu!(COMPLETED)Where stories live. Discover now