Episode - 3

3.8K 393 59
                                    

ဆုံးရှုံးစရာထပ်မရှိတော့တဲ့သူက ကြောက်စရာအကောင်းဆုံး လူသားတဲ့...

ကိုယ်တိုင်ကရော အဲ့လိုလူသားဖြစ်နေပြီလား... ကြောက်စရာကောင်းမကောင်းတော့မသိ... လက်ရှိရှင်သန်ဖို့ကျန်သေးတဲ့ ဘဝကိုတော့ သွေးအေးအေးနှင့်သာ ဖြတ်သန်းလာခဲ့သည်မှာ အသက်ပင် ၁၆နှစ် ပြည့်ပြီဖြစ်သည်၊

ဖခင် ဦးပိုင်ရှိန်နှင့် မိခင် ဒေါ်ဝင့်ဝါထည်တို့၏ တစ်ဦးတည်းသာ မာန်ဝင့်ပိုင်ရှင်၏ ငယ်စဉ်ကလေးဘဝက ပျော်ရွှင်မှုတို့နှင့်သာ ပြည့်နှက်နေခဲ့သည်၊

မြန်မာနိုင်ငံရှိအကြီးမားဆုံးကုမ္ပဏီများအနက်မှ ဂျပန်-မြန်မာဖက်စပ် စားသောက်ကုန်လုပ်ငန်းကုမ္ပဏီကြီးကို ပိုင်ဆိုင်ထားသော ဦးပိုင်ရှိန်၏ တစ်နေ့တစ်နေ့ တိုးတက်လာသောဝင်ငွေများနှင့်အတူ အိမ်ရှင်မတာဝန်ကိုကျေပြွန်စွာဖြင့် စနစ်တကျထိန်းသိမ်းစောင့်ရှောက်တတ်သော ဒေါ်ဝင့်ဝါထည်တို့နှစ်ယောက်ကြားတွင် မွေးဖွားရှင်သန်လာခဲ့သော မာန်ဝင့်ပိုင်ရှင်၏ဘဝက တကယ်ပင် ပူပန်ကြောင့်ကြမှုမရှိ စိတ်ချမ်းသာစွာဖြင့် နေထိုင်လာရသည်၊

သို့သော်ငြား မည်သူမျှကြိုမသိနိုင်သော ကံကြမ္မာ၏ အလှည့်အပြောင်းအရ ဖခင်ဖြစ်သူ၏ ဖောက်ပြန်မှုသတင်းများကို ကြားလာရသည်၊ လိမ်ညာပြောဆိုနေကြခြင်းဖြစ်မည်ဟု ထင်ထားသော်ငြား အမှန်တရားဟု သိလာသည့်အချိန်တွင်တော့ အိမ်တွင်းရေးက အဆင်မပြေတော့ချေ၊ ထို့ထက်ပိုဆိုးသည်က အဖေနှင့်ဖောက်ပြန်နေသောသူမှာ မိန်းမတစ်ဦးမဟုတ်ဘဲ ယောက်ျားတစ်ဦးဖြစ်နေလေသည်၊ ထိုစိတ်နှင့်ပင် အမေမှာလည်း စိတ်ထိခိုက်သွားကာ အိပ်ရာထဲတွင်ဗုန်းဗုန်းလဲနေတော့သည်၊ ပါရဂူကြီးများနှင့် ကုသသော်ငြားလည်း ဒုံရင်းက ဒုံရင်းပင်၊

ထိုအခြေအနေနှင့် တစ်လကျော်မျှကြာပြီးနောက် အမေ့အခြေအနေက အသည်းအသန်ပိုဖြစ်လာသည်၊ အမေမကွယ်လွန်ခင် နောက်ဆုံးပြောခဲ့သည့်စကားက သံမှိုနှင့်ရိုက်ထားသကဲ့သို့ ယခုထက်တိုင် ဦးနှောက်ထဲတွင် စွဲနေခဲ့သည်၊

" မင်းအဖေရဲ့ခြေရာအတိုင်း မင်းလိုက်မနင်းပါနဲ့ " တဲ့...

ထိုစဉ်က အသက် ၁၁ နှစ်မျှရှိနေပြီဖြစ်သော မာန်ဝင့်အတွက် နားလည်သင့်သည်ကိုတော့ နားလည်နေပြီဖြစ်သည်၊

သီအိုရမ် ၁၅၀၀ Where stories live. Discover now