Episode - 20

2.3K 206 34
                                    

ကိုက်ခဲနေသောခေါင်းကိုအသာကိုင်ရင်း အိပ်ရာမှထကာ နာရီသို့ကြည့်လိုက်သောအခါတွင်တော့ မနက်ဆယ်နာရီပင်ထိုးနေပြီဖြစ်သည်၊ ခဏငြိမ်သက်မိကာ မနေ့ည၏အဖြစ်အပျက်များက ရေးတေးတေးနှင့် ပေါ်လာလေသည်၊

ထူးဆန်းသည်က မူးမူးနှင့် ဒီပကိုနမ်းခဲ့မိသော်ငြား ယခုအချိန်ပြန်တွေးကြည့်သောအခါ ရွံရှာခြင်းမရှိခဲ့ပေ၊ ယခင်က ဒီပမူး၍နမ်းလာသည်ကို ရွံကြောင်းအော်ပြောခဲ့သော မာန်ဝင့်မှဟုတ်ပါလေစဟု ကိုယ့်ကိုယ်ကိုပြန်ဆန်းစစ်မိသည်၊ မင်းခန့်သွေး အတင်းသောက်ခိုင်းနေသည်ကိုပင် ဒီပအစား သောက်ပေးမိခဲ့သည်၊ ထို့အတွက် အကြောင်းပြချက်က ဒီပမူးမူးနှင့် အခြားသူများအားနမ်းမိမည်စိုး၍ဖြစ်သည်၊ ဇေရှိုင်းပြောကြားချက်အရ ဒီကမူးလာလျှင် အနားရှိမည်သူ့ကိုမဆို ပြေးပြေးနမ်းတတ်လွန်းသောကြောင့် ထိန်းရခက်သည်ဟူ၍ပင်၊ ထို့ကြောင့်လည်း စိတ်ပူမိ၍ တစ်ခါမှမသောက်ဖူးသည်ကို ပထမဆုံးအကြိမ်အဖြစ် သောက်ခဲ့မိခြင်းဖြစ်သည်၊

ဒီပ... မင်းနဲ့ပတ်သက်ရင် ငါမလုပ်ဖူးတာတွေ အကုန်လုပ်နေရတာပဲ...

အတွေးကိုရပ်ကာ ရေမိုးချိုးပြီး ကုမ္ပဏီသို့သွားရန် ပြင်ဆင်ရလေသည်၊ ထို့နောက် အောက်ထပ်သို့ဆင်းကာ ရေသောက်ရန် ထမင်းစားခန်းထဲသို့ဝင်သည့်အခါတွင်တော့ စွပ်ပြုတ်တစ်ပန်းကန်နှင့် စာတစ်စောင်ကိုတွေ့လိုက်ရသည်၊

- ကျွန်တော် ကြက်သားစွပ်ပြုတ်ပြုတ်ထားခဲ့တယ်... မာန်နိုးရင် အေးနေလောက်ပြီမို့ ကိုယ့်ဘာသာကိုယ်သာနွှေးစားလိုက်တော့... အဲ့လောက်တော့ လုပ်တတ်တယ်မလား... မလုပ်တတ်လည်း ဆိုင်ကိုသာလာခဲ့ -

စာဖတ်ပြီးသည့်နောက် မာန်ဝင့်တစ်ချက်ပြုံးလိုက်မိသည်၊

" ဒီကလေး စကားပြောပုံက မပြောင်းလဲသေးဘူးပဲ "

ကြီးမားလွန်းသောအိမ်တွင် မာန်ဝင့်နှင့် ဝန်းခနှစ်ယောက်သာရှိ၍ ပျင်းခြောက်ခြောက်တော့နိုင်လှသည်၊ အိမ်အကူခေါ်မည်ဆိုသော်လည်း ဝန်းခက သူကိုယ်တိုင်သာလုပ်ပါမည်ဆို၍ မခေါ်ခဲ့ရ၊ အိမ်တွင်စောင့်သော ခြံစောင့်ဦးလေးကြီးတစ်ယောက်သာရှိလေသည်၊ အိမ်ရှိအိမ်မှုကိစ္စအားလုံးနှင့် ဟင်းချက်ရေးတာဝန်ကိုတော့ ဝန်းခသာတာဝန်ယူထားလေသည်၊

သီအိုရမ် ၁၅၀၀ Where stories live. Discover now