Episode - 14

1.8K 225 16
                                    

" သူဌေး ကျွန်တော် ဝယ်စရာလေးရှိလို့ အပြင်ခဏထွက်ပါရစေ "

" အင်း သွားလေ ဒီပ၊ ဒီနေ့ scheduleက ညနေပိုင်း meetingပြီးရင်ပြီးပြီပဲ "

" ဟုတ်ကဲ့ သူဌေး သွားလိုက်ပါဦးမယ် "

ထွက်သွားသော ဒီပနောက်ကျောပြင်အား ကြည့်နေရင်း သက်ပြင်းချမိပြန်သည်၊ ဒီပနှင့် မာန်ဝင့် ခင်မင်ဖူးသူများဖြစ်ကြောင်း သိပြီးသည့်အချိန်မှစ၍ တစ်နေ့လျှင်သက်ပြင်းအကြိမ်မည်မျှ ချမိနေသည်မှန်း မင်းခန့်သွေးမသိတော့ပေ၊

မည်သည့်အရာကိုမဆို ပိုင်ဆိုင်စေရန် မာန်ဝင့်နှင့်ယှဉ်ပြိုင်တိုက်ခိုက်နေရမြဲဖြစ်သောကြောင့် ဒီပပါ မာန်ဝင့်လက်ထဲရောက်သွားမည်ကို စိုးရိမ်မိသည်၊ အဘယ့်ကြောင့်စိုးရိမ်မိသည်ကိုလည်း အဖြေမရှာတတ်၊ မိမိအတွင်းရေးမှူးဖြစ်နေသောကြောင့်ဟူ၍သာစိတ်ကိုလျှောချထားသည်၊

ဒီပနှင့်မာန်ဝင့်စိတ်ထဲတွင် အချင်းချင်းမည်သို့ သဘောထားမှန်းသိချင်သည့်အတွက် စာချုပ်ကိစ္စကိုလည်း မင်းခန့်သွေးဘက်မှ အပိုင်ယူထားခြင်းဖြစ်သည်၊ စာချုပ်ချုပ်သည့်နေ့တွင် ဒီပကိုခေါ်လာရန် မလိုအပ်သော်လည်း ထိပ်တိုက်ဆုံစေရန် တမင်ခေါ်သွားခြင်းဖြစ်သည်၊

မင်းခန့်သွေးသတိထားမိနေသည်မှာ သူတို့နှစ်ယောက်ဆုံသည့်အချိန်တိုင်း မာန်ဝင့်မျက်နှာမှာ ခက်ထန်နေပြီး ဒီပမျက်နှာတွင်တော့ အားနာနေသည့်၊စိတ်ပူနေသည့် အရိပ်အယောင်များကို တွေ့နေရသည်၊ အပြောနှင့်သာ သူငယ်ချင်းဟူ၍ ယုံရသည်၊ ခင်မင်ရင်းနှီးသည့်အပြုအမူကိုပင် မတွေ့ရသောကြောင့် ပို၍ စိတ်ဝင်စားမိနေသည်၊ အတိတ်ကမည်သည်တို့ဖြစ်ခဲ့သည်ကိုလည်း သိချင်လာမိသည်။

ဒီပ၏သူငယ်ချင်းနောက်တစ်ယောက်ဖြစ်သော ဝန်းခအားမေးမြန်းရန်ကြံမိသော်လည်း သူများအကြောင်းကို လက်လွတ်စပယ်မမေးချင်သောကြောင့် ဒီပပါးစပ်မှပြောလာမှသာ နားထောင်မည်ဟု တွေးထားလိုက်တော့သည်၊

နာရီကိုတစ်ချက်ကြည့်ကာ သက်ပြင်းချပြန်ရင်း လုပ်လက်စစာရင်းများကိုသာ ဆက်လက်ကြည့်နေလိုက်တော့သည်။

သီအိုရမ် ၁၅၀၀ Where stories live. Discover now