Episode - 15

2K 220 39
                                    

" Hello! "

အသံကြားလိုက်သည်နှင့် ဝန်းခလှည့်ကြည့်စရာပင်မလိုလောက်အောင်ပင် ကြိုသိနေလေသည်၊

" ပေါ်လာသေးတယ် ဟုတ်လား၊ ငါ မင်းကိုသေနေပြီထင်တာ "

" ဖွ ဖွ! မင်းကလေ ခရီးသွားနေတဲ့သူကိုပါးစပ်ပုတ်ကြီးနဲ့ "

အမူအရာနှင့်ပြောနေသော ဇေရှိုင်းအား ဝန်းခကြည့်ရင်း ခေါင်းသာခါပြလိုက်သည်၊

" ဒီတစ်ခေါက်ကဘယ်ကိုသွားတာလဲ "

" ပုသိမ်ကိုသွားတာလေ၊ မင်းကိုတောင်မဆက်သွယ်မိဘူး၊ ငါလည်းရုတ်တရက်ထသွားလိုက်ရတာမလို့၊ ဟိုမှာလည်းအလုပ်ကိစ္စတွေကတန်းစီနေတာလေ "

ဇေရှိုင်းအလုပ်ရှုပ်ပုံကို ဝန်းခသိသဖြင့် အထွန့်တက်ခြင်းမပြုပေ၊ သူငယ်ချင်းများထဲတွင် အလုပ်ရှုပ်ဆုံးလူအားပြပါဆိုလျှင် ဇေရှိုင်းကိုသာ ပြရပေမည်၊ အလုပ်ထဲတွင်ခေါင်းနစ်နေရသည့်အထဲ ခရီးဝေးများကိုလည်းခဏခဏသွားနေရလေသည်၊ ပြည်တွင်းတွင် ဇေရှိုင်းမရောက်ဖူးသည့်နေရာဟူ၍ လက်ချိုးရေ၍ပင်ရမည်၊

" ဘယ်လိုလဲ၊ ဒီလောက်ခရီးတွေသွားနေတာ ကောင်မလေးတစ်ယောက်ယောက်နဲ့တောင် မငြိခဲ့ဘူးလား "

" ဝန်းခကွာ မင်းမို့ပြောရက်တယ်၊ ငြိဖို့မပြောနဲ့ လှည့်ကြည့်ဖို့တောင်မအားဘူး "

စိတ်ပျက်ပျက်နှင့်ပြောနေသော ဇေရှိုင်းကိုကြည့်ရင်း ဝန်းခရယ်မိလိုက်သည်။

ဇေရှိုင်းဆိုသည်မှာလည်း ကျောင်းတုန်းက ခပ်ဝဝအသားညိုညိုနှင့် သာမန်သာဖြစ်သော်ငြား အရွယ်ရောက်လာသည့်အခါတွင်တော့ အားကစားလိုက်စားမှုကြောင့် မိမိတို့ထက်ပင် ခန္ဓာကိုယ်ကကျစ်လစ်နေသေးသည်၊ အသားအရည်မှာလည်း ထိန်းထိန်းသိမ်းသိမ်းနေသောကြောင့် အရင်ကလိုမဟုတ်တော့၊ ရုပ်ရည်ချောမောသော်ငြား ယခုအချိန်ထိ ချစ်သူမရှိသေးတာတော့ အားနည်းချက်ပင်၊

" ဟိုကောင် ဒီပနဲ့ရော တွေ့မိသေးလား "

" အင်း ဟိုတစ်နေ့က သူ့သူဌေးနဲ့ဆိုင်ကိုလာတယ် "

" သူဌေး? အလုပ်တောင်ရနေပြီလား ဒီပက "

" အေး ဟုတ်တယ်၊ အတွင်းရေးမှူးဆိုပဲ "

သီအိုရမ် ၁၅၀၀ Where stories live. Discover now