Episode - 16

2.1K 215 52
                                    

" သား ဒီပ၊ ဖုန်းလာနေတယ် "

အိပ်ရာမှနိုးလာချင်း မေမေ့လာပေးသော ဖုန်းကိုယူကြည့်လိုက်တော့ သူဌေးဆက်ထားခြင်းဖြစ်သည်၊

" Hello ဒီပ "

" ဟုတ်ကဲ့ သူဌေး "

" ကိုယ် ဒီနေ့အလုပ်ကိစ္စအတွက်ခရီးသွားစရာရှိတယ်၊ အစကမင်းကိုပါခေါ်မလို့ပဲ၊ နေမကောင်းလို့မခေါ်တော့ဘူး "

" ရရဲ့လား သူဌေး၊ ကျွန်တော်သက်သာနေပါပြီ "

" ရတယ်၊ လေးငါးရက်လောက်ပဲကြာမှာ၊ နေကောင်းအောင်သာဂရုစိုက်၊ အလုပ်ကိုလည်း ကိုယ်ပြန်လာမှလာခဲ့ ကြားလား "

" ဟုတ် သူဌေး "

သက်သာပြီဖြစ်သော်လည်း အဖျားအနည်းငယ်တော့ကျန်သေး၍ ခွင့်ပေးသောသူဌေးကိုသာ ကျေးဇူးတင်မိတော့သည်၊

ဖုန်းကိုပိတ်ကာ အခန်းထဲသို့ပြန်ဝင်ပြီး ခဏထပ်မှေးနေလိုက်သည်၊

***************

" ဖုန်းဆက်တာကြာလှချည်လား "

" မင်းအပူမပါဘူး မာန်ဝင့် "

စာချုပ်အတူချုပ်ထားသော ကုမ္ပဏီနှင့် အလုပ်ကိစ္စလေ့လာရန် ဂျပန်သို့သွားရမည်ဖြစ်သောကြောင့် မင်းခန့်သွေးသက်ပြင်းသာချမိသည်၊ မတွေ့ချင် မမြင်ချင်သော မျက်နှာဖြစ်သောငြား အမြဲတမ်းတည့်တည့်တိုးခွင့်ပေးသော ကံကြမ္မာကိုပင် အပြစ်တင်လိုက်ချင်သည်၊

ပြည်ပခရီးစဉ်ဖြစ်၍ ဒီပကိုပါခေါ်ချင်သော်ငြား မာန်ဝင့်နှင့်ပါဆုံမည်စိုးသောကြောင့် ခေါ်မလာခဲ့ပေ၊ ဒီပကိုယ်တိုင်ကလည်း နေမကောင်းဖြစ်နေသောကြောင့် မင်းခန့်သွေးအတွက် အကြောင်းပြချက်ရသွားလေသည်၊

လေယာဉ်ပေါ်သို့တက်ချိန်ရောက်ပြီဖြစ်သောကြောင့် lagguage ကိုဆွဲကာဝင်သွားလိုက်သည်၊

စိတ်ထဲတွင်လည်း မာန်ဝင့်နှင့် လေးငါးရက်ကြာအတူသွားနေရမည်ကိုတွေးရင်း စိတ်ညစ်မိပြန်သည်။

လေယာဉ်ပေါ်တွင်လည်း နှစ်ယောက်သားခုံက ဘေးချင်းကပ်ဖြစ်နေသောကြောင့် အေးစက်စက်လေထုကသာ လွှမ်းမိုးနေပေသည်၊

သီအိုရမ် ၁၅၀၀ Where stories live. Discover now