Episode - 12

1.9K 225 29
                                    

" ဝန်းခ! "

ကောင်တာတွင်ထိုင်နေသော ဆိုင်ပိုင်ရှင်ဟုထင်မှတ်ရသူကောင်လေးအား ဝန်းခနှင့်တူသည်ဟု တွေးမိမိချင်း မျက်ဝန်းအပြာရောင်ကိုပါ တစ်ပါတည်းမြင်လိုက်ရ၍ အားရဝမ်းသာလှမ်းခေါ်မိသည်၊

ဝန်းခလည်း မိမိကဲ့သို့ပင် ကြောင်ကြည့်နေပြီးနောက် ပြန်ပြုံးပြကာ အပြင်သို့ထွက်လာလေသည်၊

" သူငယ်ချင်းထင်တယ်၊ စကားပြောလိုက်လေ၊ ကိုယ်ဝင်နှင့်မယ် "

သူဌေး၏ပြောစကားကိုခေါင်းညိတ်ပြရင်း အနားသို့ရောက်လာသောဝန်းခဘက်သို့လှည့်လိုက်သည်။

" ဒီပ၊ မင်း ဒီပ ဟုတ်ပါတယ်နော် "

" ငါ ဒီပပါကွာ၊ မင်း ဘာဆေးတွေစားနေတာလဲ၊ အသားကကျောင်းတုန်းကထက်တောင်ပိုဖြူ လာသေးတယ်၊ "

" မင်းကတော့နောက်ပြီ၊ ငါ ဇေရှိုင်းပြောလို့ မင်းရန်ကုန်ရောက်နေတာတော့ကြားတယ် "

ပြောစရာစကားရှိလျှင် အကြွေးမထားတတ်သော ဇေရှိုင်းအကြောင်းကိုသိနှင့်ပြီးသားဖြစ်၍ ဒီပမအံ့သြတော့ပေ။

" မင်းနဲ့အတူပါလာတာ ဘယ်သူလဲ ဒီပ "

ဝန်းခစကားကြောင့် သူဌေးထိုင်နေသောနေရာဆီသို့ ဒီပလှည့်ကြည့်မိသည်၊ Menu ကိုတစ်ရွက်ချင်းလှန်ရင်း Waiter အား မှာနေလေသည်၊

" အဲ့ဒါ ငါ့သူဌေးလေ၊ နေ့လည်စာစားမယ်ဆိုလို့ ဒီရောက်လာတာ "

" သြော် အဲ့လိုလား၊ သွား ထိုင်တော့လေ၊ နောက်မှ အေးဆေးတွေ့ပြီးစကားပြောတာပေါ့ "

" အိုကေ "

မတွေ့ရတာကြာပြီဖြစ်သော ဝန်းခနှင့် စကားပြောကောင်းနေသော်လည်း အမြန်ဖြတ်ကာ သူဌေးနားသို့ဝင်ထိုင်လိုက်ရသည်၊ ဝန်းခပင်လျှင် စကားကိုအဆင်ပြေပြေပြောတတ်နေပြီဖြစ်သည်၊

" ဒီဆိုင်လေးက တော်တော်အဆင်ပြေတယ်၊ ကိုယ်တို့ရုံးနဲ့လည်းလမ်းသင့်တယ်၊ ဆိုင်ပိုင်ရှင်ကောင်လေးကလည်းတော်တော်သဘောကောင်းတယ် "

သူဌေးပြောဆိုချက်ကြောင့် ခေါင်းသာငြိမ့်ပြလိုက်သည်၊ မှန်လည်းမှန်ပါသည်၊ ဆိုင်အပြင်အဆင်အခင်းအကျင်းနှင့်ပင်လျှင် သက်တောင့်သက်သာရှိလှသည်၊ ဆူညံခြင်းလည်းမရှိ၊ ဆိတ်ငြိမ်အေးချမ်းလွန်းလှသည်၊

သီအိုရမ် ၁၅၀၀ Where stories live. Discover now