Part-6

655 94 11
                                    

(Zawgyi)
သီဟညစာထမင်းစားသောက်ပြီးခါတိုင်းလုပ်နေကျထုံးစံအတိုင်းသူ့အမေကိုအိပ်ယာခင်းကအစဝေရာဝစ္စအကုန်လုပ်ပေးပြီးသည်နှင့်မိမိအခန်းထဲသို့အိပ်ယာဝင်ရန်ဖြေးဖြေးချင်းခြေသံ
မကြားအောင်လျှောက်လှမ်းလာခဲ့လေသည်။

ညအချိန်ရဲ့တိတ်ဆိတ်မှု့ကပျဉ်ထောင်အိမ်အောက်ကြမ်းကြား
ထဲမှလေများတိုးဝင်သံတဝီဝီကိုပင်ကြည်ကြည်လင်လင်ကြားရ
လို့နေတယ်။တိုးဝင်လာတဲ့လေများရဲ့အေးစက်မှု့ကိုလည်းသီဟခြေဖဝါးက
နေတစ်ဆင့်ထိထိမိမိကိုခံစားလို့ရနိုင်လေသည်။

သီဟစောင်ကိုမပြီးအိပ်ယာပေါ်ဖြေးဖြေးချင်းလှဲချလိုက်တယ်။
ချုပ်ရာဖာရာများနှင့်သာပြည့်နှက်နေသည့်ဂွမ်းကပ်မွှေ့ယာ
လေးကိုကြမ်းပြင်ပေါ်ခင်းပြီးအိပ်နေရသည့်လူအတွက်တော့
လူကုံထံတွေအတွက်သာသီးသန့်ထုတ်လုပ်ထားသည့်
တောက်ပြောင်နေသည့်ကျွန်းကုတင်အကြီးကြီးနှင့်
အိစက်နေသောမွှေ့ယာဆိုတာသူ့အတွက်တော့အိပ်မက်တစ်ခုသာဖြစ်ပေလိမ့်မည်။

ခါတိုင်းကဲ့သို့လိုပဲမျက်နှာကျက်ပေါ်မှအပေါက်သေးသေးများ
ကြားလ၏အလင်းရောင်ကထိုးဖောက်ဝင်ရောက်လို့နေတယ်။
မှေးမှိန်နေတယ် အားနည်းနေတယ် မျက်နှာပြင်တစ်ခုလုံးချိုင့်ခွက်တွေနဲ့သာပြည့်နှက်နေတယ်
လမင်းကြီး…သူသာလူသားတစ်ယောက်သာဖြစ်မယ်ဆိုရင်
ဒဏ်ရာတွေပြည့်နှက်နေတဲ့လူသားတစ်ယောက်လိုပဲဘယ်
တော့မှပျော်နိုင်လိမ့်မယ်မထင်ဘူး။
သို့ပေမယ့်သူတတ်နိုင်သမျှသူရောက်နေတဲ့နေရာမှာအချိန်မှန်တာဝန်ကျေပွန်စွာလာထမ်းဆောင်တယ်။

သီဟစဉ်းစားနေရင်းပြတင်းပေါက်ကနေအပြင်ကလမင်းကြီးကိုလှမ်းပြီးကြည့်လိုက်သည်။

"ကိုလမင်း…မင်းလိုသာကြံ့ကြံ့ခံနိုင်ရင်သိပ်ကောင်းမှာပဲ……!"

သက်ပျင်းတစ်ချက်ချလိုက်ရင်းပက်လက်မှဘေးစောင်းအနေ
အထားသို့ပြောင်းလှည့်လိုက်လေသည်။

ပြီးမှအိပ်ယာခေါင်းရင်းအောက်ထဲထိုးထည့်ထားတဲ့ဓာတ်ပုံ
လေးတစ်ပုံကိုထုတ်ကြည့်လိုက်သည်

မိသားစုဓာတ်ပုံလေး……

"ဒီလိုအတူမဆုံရတာတောင်ဘယ်လောက်ကြာပြီလဲ
သားအဖေ့ကိုစိတ်နာတယ်ဒါပေမယ့်တစ်ခါတစ်လေ
သားမိသားစုကိုလွမ်းတယ်။အဖေ့ကိုမဟုတ်ဘူး…
အဖေဆိုးခဲ့သမျှသွမ်းခဲ့သမျှအားလုံးအမေလက်ခံပေးခဲ့တာ
တောင်အမေ့ပေါ်ဒီလိုလုပ်ရက်ခဲ့တဲ့အဖေ့ကိုအံ့သြတယ်။"

Beyond the galaxy(ZG+Uni)Onde as histórias ganham vida. Descobre agora